မူလစာမျက်နှာ

Sunday, 26 December 2010

စစ်အစိုးရနဲ့ ပူးပေါင်းပြီး ရင်ကြားစေ့ရေး လမ်းကြောင်းလျှောက်မယ်လို့ NDF ခေါင်းဆောင်ပြော

2010-12-25
အရင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်တွေ ဖြစ်ခဲ့ပြီး လက်ရှိ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနဲ့ ဒေါက်တာဝင်းနိုင်တို့ဟာ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံပြီး သူတို့ ဘာ့ကြောင့် ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲ ၀င်ခဲ့ကြတယ်ဆိုတာကို ရှင်းပြမယ်လို့ သိရပါတယ်။
(Photo: AFP)
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ခွဲထွက်ကာ ရွေးကောက်ပွဲ ဝင်ရောက်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့သော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ မန္တလေးရုံးခွဲ ဖွင့်ပွဲကို သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: AFP)
NLDပါတီဟာ အနှစ် ၂၀ ကာလအတွင်း ထိပ်တိုက်ရင်ဆိုင်ရေး လမ်းကြောင်းကိုသာ လျှောက်ခဲ့ပြီး ပြည်သူနဲ့ တိုင်းပြည်အကျိုးစီးပွားအတွက် ဘာမှ လုပ်မပေးနိုင်တာကြောင့် တပ်မတော်နဲ့ ပူးပေါင်းပြီး အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို သွားဖို့ ရွေးကောက်ပွဲ ၀င်ခဲ့တာ ဖြစ်တယ်လို့ NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ဆိုပါတယ်။

ဒီ ပြောဆိုချက်နဲ့ ပတ်သက်လို့ NLD ပါတီဟာ ထိပ်တိုက်ရင်ဆိုင်ဖို့ နေနေသာသာ ပါတီဝင်တွေ ထောင်သွင်း အကျဉ်းချခံရတာတွေ၊ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာတောင် လမ်းမ,ပေါ် မထွက်ဘဲ နေခဲ့တာတွေကို ကြည့်ရင် ထိပ်တိုက်ရင်ဆိုင်ခဲ့တာ မဟုတ်ကြောင်း၊ NLD ပါတီဟာ စစ်တပ်အလိုကျ စစ်အစိုးရ သြဇာခံတပည့် အဖြစ်နဲ့ လုပ်သွားမှာမဟုတ်ဘဲ တွေ့ဆုံ ဆွေးနွေးရေးနည်းနဲ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းသွားဖို့ အာသီသ ရှိကြောင်း NLD ပါတီခေါင်းဆောင် ဦးဝင်းတင်က ပြောဆိုပါတယ်။

NDF ပါတီ က ဦးခင်မောင်ဆွေနဲ့ NLD ပါတီက ဦးဝင်းတင်တို့ကို RFA အဖွဲ့သား ကိုဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

No comments:

နေ့မှာ