မူလစာမျက်နှာ

Tuesday, 28 December 2010

၂၀၁၀ ထိပ်တန်း နည်းပညာသစ် နှစ်ခု

iPad: အရင်က iPad ကို ကမ္ဘာပေါ်တွင် ဘယ်သူမှမသိ။ ၂၀၁၀ ဇန်န၀ါရီလထဲတွင် မိုဘိုင်းဖုန်းနှင့် လက်ပ်တော့ ကွန်ပျူတာတို့ကို တစ်ခုထဲဖြစ်အောင် ပေါင်းစပ်ပေးတဲ့ နည်းပညာ အပြောင်းအလဲသစ် တစ်ခု ပေါ်ထွက်လာ
ခဲ့သည်။
ထို iPad ခေါ် ကွန်ပျူတာချပ်ပြားကို စတင်ရောင်းချသွားတာက Apple  ကွန်ပျူတာ ကုမ္ပဏီကြီး ဖြစ်သည်။ Apple ကိုယ်တိုင် iPad ကို တီထွင်တာတော့မဟုတ်။ ကာလီဖောနီးယားရှိ ဆီလကွန်ဗဲလီ အုပ်စုမှ အဓိက ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။ ယခု ဒီဇင်ဘာလအထိ iPad ၁၃ သန်းကျော် ရောင်းချခဲ့ပြီ ဖြစ်သည်။
iPad အတွက် ရုံးခန်းမလို၊ စားပွဲမလို၊ ကော်ဖီဆိုင်မလို။ သစ်ပင်အရိပ်အောက်တွင် ၆နှစ်နဲ့ ၁၂ အကြားရှိ ကလေးများ ထိုင်အသုံးပြုနေကြသည်ဟု Nielsen ကွန်ပျူတာ သုတေသန စစ်တမ်းကဆိုသည်။ လာမည့် ၂၀၁၁ တွင် iPad ထက် ပိုမိုစွမ်းဆောင်ရည်မြင့်သော The Playbook ကွန်ပျူတာမိုဘိုင်းလ်သစ် ပေါ်ထွက်လာဦးမည် ဖြစ်သည်။
Facebook: ၂၀၁၀ ခုနှစ် ၀ဘ်ဆိုဒ်ဝင်သုံးမှု အရေအတွက်တွင် Facebook က Google ကို ဖြတ်တက်သွားခဲ့သည်။ ဖေ့စ်ဘွတ်မှာ လက်ရှိ လူသန်း ၉၀ ကျော် နေ့စဉ် ၀င်ရောက်ကြည့်နေသော ‘လူမှု့ကွန်ယက်’ တစ်ခု ဖြစ်သည်။
ဖေ့ဘွတ်မှာ ထူးထူးဆန်းဆန်း လူအများနှင့် ချိတ်ဆက်နိုင်တဲ့ ကွန်ယက်သစ်ဖြစ်သလို၊ ဓါတ်ပုံ၊ ဗွီဒီယိုနဲ့ ကိုယ်ရေးအချက်အလက်များ တင်နိုင်သော ‘ဘလော့ဂ် အသေးစား’ လည်း ဖြစ်သည်။ ဖေ့စ်ဘွတ်ကို တီထွင်သူ အသက် ၂၆ နှစ်ရှိ Mark Zuckerberg မှာ တိုင်းမဂ္ဂဇင်းရဲ့ ၂၀၁၀ ခုနှစ် ‘Person of the Year’ အဖြစ် သတ်မှတ်ခံရသည်။ မြန်မာနိုင်ငံမှ အွန်လိုင်း အသုံးပြုသူများမှာ Gmail အသုံးပြုရခက်ခဲသောကြောင့် ဖေ့စ်ဘွတ်မှတဆင့် ဆက်သွယ်မှုများ ပိုလုပ်လာကြသည်။

No comments:

နေ့မှာ