မူလစာမျက်နှာ

Tuesday, 14 December 2010

ဝန်ကြီးဌာနက လုပ်ခမြှင့်ဖို့တွန်းအားပေးတာကို ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်က သပိတ်မှောက်

လုပ်ခနှုန်းတွေပျက်ကုန်တယ်။ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ကုန်ပြီး ရင်းနှီးမြှုပ်နှံသူ တွေ ကို ချောက်ထုတ်လိုက်တာ ဖြစ်တယ်။ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်က ဆန္ဒပြ ကန့်ကွက်နေပေမဲ့လည်း အလုပ်သမားဝန်ကြီးဌာန က ဆက်လုပ်သွားမှာဖြစ်ပြီး အနိမ့်ဆုံးနေ့စဉ်လုပ်ခတွေတိုးပေးရေးကို အတည်ပြုဖို့  ကက်ဘိနက်ကို တောင်းဆိုထားပါတယ်။ ဒီကနေ့ ကက်ဘိနက်က မီးစိမ်းပြပြီဆိုရင် တ နိုင်ငံလုံးက အလုပ်သမားတွေဟာ ၈ ဘတ်နဲ့ ၁၇ ဘတ်ကြား တိုးရကြမှာ ဖြစ်ပါတယ်။
“ကျနော့်အနေနဲ့ ဒီလုပ်ခတိုးပေးတာကို အလုပ်သမားတွေကို နှစ်သစ်ကူးလက်ဆောင် အနေနဲ့ ပေးချင်ပါတယ်” လို့
အလုပ်သမားဝန်ကြီး ချာလမ်ချိုင်းဆရီအွန်က တနေ့က ပြောပါတယ်။ ဒါပေမဲ့ စက်မှုလုပ် ငန်းအဖွဲ့ချုပ်အနေနဲ့ ပြည်နယ်လုပ်ခ ကော်မတီက အဆိုပြုထားတဲ့နှုန်းထက် အများကြီး မြင့်နေတဲ့ ဒီနှုန်းကို အတည်ပြုဖို့ ဗဟိုလုပ်ခကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး သံ သယ ရှိနေကြပါတယ်။
“ဖြစ်နိုင်မယ်ဆိုရင် အစိုးရအနေနဲ့ ဒီစီမံကိန်းကို ပြန်လည်သုံးသပ် သင့်ပါတယ်” လို့
စက်မှုလုပ်ငန်းအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ပယွန်ဆတ်ချာဆူတီပိုးက ပြောပါတယ်။
ဒီအငြင်းပွားစရာ စီမံကိန်းကို ဆွေးနွေးဖို့ အဖွဲ့ချုပ်က တမြန်နေ့က အစည်းအဝေးကျင်း ပခဲ့ပြီး၊ နောက်ပိုင်းမှာတော့ ဗဟိုလုပ်ခကော်မတီရဲ့ လုပ်ခတိုးနှုန်းက  ပြည်နယ်လုပ်ခ ကော်မတီကတင်ပြတဲ့ လုပ်ခတိုးနှုန်းထက် ဘာလို့အများကြီးမြင့်နေရတာလဲဆိုတာကို ရှင်းပြဖို့ အစိုးရကို မေးမြန်းခဲ့ပါတယ်။
“ပြည်နယ်လုပ်ခကော်မတီက ၂ဘတ်နဲ့၁၀ အကြားပဲ တိုးဖို့ အဆိုပြုတာ”ဖြစ်တယ်လို့ သတင်းရင်းမြစ်တခုက ပြောဆိုပါတယ်။ ဥပမာ၊ ပြည်နယ်လုပ်ခကော်မတီက ပတ္ထနီပြည် နယ်မှာ နေ့စဉ်လုပ်ခကို ၂ ဘတ်ပဲ တိုးဖို့အဆိုပြုခဲ့ပေမဲ့ ဗဟိုလုပ်ခကော်မတီက ၁၁ ဘတ်တိုးဖို့အတည်ပြုခဲ့ပါတယ်။ ယာလ၊ ဖန်င၊ ထရန်၊ ဆူရတ်ဌာနီ၊ ရတ်ချာဘူရီ၊ ချုံဖုံ၊ ကရာဘီ၊ ဖတ်သလွန်၊ ဆတွန်၊ နခုံဆီထမ္မာရတ်နဲ့ ဆုံ ခလပြည်နယ်တွေက အလုပ်သ မားတွေအတွက် ပြည်နယ်ကော်မတီက အဆိုပြုခဲ့တဲ့ ပမာဏထက် ၈ ဘတ်ပိုပေးဖို့ ဗဟို လုပ်ခ ကော်မတီက ကြိုးပမ်းနေတယ်။
ဗဟိုလုပ်ခကော်မတီဟာ ပြည်နယ်လုပ်ခကော်မတီရဲ့စကားကို နားမထောင်ဘူး။ အ သစ်ဖွဲ့ထားတဲ့ ပညာရှင်အဖွဲ့ရဲ့ ထောက်ခံချက်တွေကိုပဲ အလေးထားခဲ့တယ်လို့ အလယ် ပိုင်းဒေသက စက်မှုလုပ်ငန်းအဖွဲ့ချုပ်ကို ဦးဆောင်နေသူ ဆင်းတန်ချရိုအန်းချိုင်ချိုင်က ပြောပါတယ်။
“ဒါကြောင့် လုပ်ခနှုန်းတွေ ပျက်ကုန်ပြီ။ ကျနော်တို့အနေနဲ့ဒီလိုဖြစ်တာကို ခွင့်ပြုမယ်ဆို ရင်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး” လို့ ဆင်းက ထုတ်ဖော်ပြောဆိုပါတယ်။ နေ့စဉ်လုပ်ခတွေ မြင့်တက်လာတာတွေက စားသောက်ကုန် ထုတ်လုပ်တဲ့လုပ်ငန်းနဲ့ အ၀တ်အထည် လုပ်ငန်းတွေမှာ လုပ်နေတဲ့ လုပ်ငန်းရှင်တွေကို မုချ ထိခိုက်နစ်နာမှာဖြစ်တယ်။
“ကျနော်တို့ ၀န်ကြီးချုပ်ဆီကို တိုက်ရိုက် စာပို့ မယ်” လို့ စက်မှုလုပ်ငန်း ဒုတိယဥက္ကဋ္ဌ တ၀ီကိခ်ျ ရာတုရာရမ်းခွန်က ပြောပါတယ်။ လုပ်ခနှုန်းအရမ်းမြင့်ရင် တချို့စီးပွားရေးလုပ် ငန်းတွေမှာ အလုပ်သမားတွေ လျှော့ချပစ်ရမှာဖြစ်တယ်လို့ ထပ်ပြောပါ တယ်။ ဒါပေမဲ့ ဗဟိုလုပ်ခကော်မတီရဲ့ထောက်ခံချက်အပေါ်မှာ အခြေထားတဲ့ အလုပ်သမားဝန်ကြီးဌာ နရဲ့ ကြိုးပမ်း ချက်တွေဟာ စီးပွားရေးလုပ်ငန်းရှင်တွေအပေါ် ပြောင်းပြန်အကျိုး သက် ရောက်မယ် ဆိုတာတော့ သူ မယုံကြည်တဲ့ အကြောင်း ချာလမ်ချိုင်းက ပြောပါတယ်။
“လုပ်ခတိုးတာကြောင့် စီးပွားရေးလုပ်ငန်းတွေ ပျက်တော့မယ်လို့ အလုပ်ရှင်တွေ ထင် နေတယ်ဆိုရင်တော့ ဒီနောက်မှာ သူတို့အနေနဲ့ သက်သေခံအထောက်အထားတွေနဲ့ ရှေ့ဆက်လုပ်ရမှာဖြစ်တယ်” လို့ ၀န်ကြီးက ဆိုပါတယ်။
အလုပ်ရှင်တွေအနေနဲ့ လုပ်ခတိုးတာကို မကျေမနပ်မဖြစ်သင့်ဘူး၊ ဒီအစား လုပ်ခတိုး ပေးထားရတဲ့အတွက် ကုန်ထုတ်စွမ်းရည် တိုးတက်လာအောင် အလုပ်သမားတွေကို ဘယ်လိုတွန်းဆော်ပေးမလဲ ဆိုတဲ့အပေါ် အလေးထားသင့်တယ်လို့ ချာလမ်ချိုင်းက ပြောပါတယ်။
ဒီအတောအတွင်းမှာ အဆိုပြုထားတဲ့ လုပ်ခနှုန်းတွေက တကယ်တော့ အလုပ်သမား တွေလိုနေတာထက်ကို နိမ့်နေတုန်းပါလို့ ထိုင်းအလုပ်သမားသွေးစည်းရေးကော်မတီ ကိုယ်စားလှယ် ၀ီလိုင်ဝမ်ဆေတီယာက ပြောပါတယ်။
“ဒါပေမဲ့ ဒီကမ်းလှမ်းချက်က မဆိုးပါဘူး” လို့ သူမက ပြောပါတယ်။
ဒါပေမဲ့ နေထိုင်မှုစရိတ်အရမ်းမြင့်လာရင်တော့ လုပ်ခတိုးတာတွေဟာ အလုပ်သမားတွေ ရဲ့ ဘ၀အရည်အသွေးမြင့်မားတိုးတက်ဖို့အတွက် ဘာမှဖြစ်မှာမဟုတ်လို့ ကုန်ဈေးနှုန်း တွေထိန်းချုပ်ပေးဖို့ကိုလည်း ၀ီလိုင်ဝမ်က အစိုးရကို တောင်းဆိုခဲ့ပါတယ်။

No comments:

နေ့မှာ