Rochdale PeaceJam ခေါ် နိုင်ငံတကာ ငြိမ်းချမ်း ရေးလှုပ်ရှားသူ လူငယ်များက နိုဘယ်ဆုရှင် ဒေါ် အောင်ဆန်းစုကြည် လွတ်မြောက်မှုအတွက် အမေရိကန် ကော်လိုရာဒိုပြည်နယ် ဒန်ဗားမြို့တွင် ဒီဇင်ဘာ ၁၃ရက်
ဒီဇင်ဘာ ၁၃ ရက်နေ့က အခမ်းအနား ကျင်းပခဲ့ကြသည်။ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်များက နှစ် ၂၀ အတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် အကြိမ် ကြိမ်ကျခံရမှုမှ လွတ်မြောက်အောင် မနားတမ်း ဆော်ဩဆောင်ရွက်ခဲ့ကြပြီး၊ လူငယ် များကိုလည်း ၄င်းတို့ကဲ့သို့ ကမ္ဘာငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးတွင် ပါဝင် ဆောင်ရွက်လာရန် အားပေးတိုက်တွန်းခဲ့သည်။ ယခု ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်မှုအတွက် အခမ်းအနား ကျင်းပကြခြင်းဖြစ်သည်။
Rochdale PeaceJam အဖွဲ့သည် ပြီးခဲ့တဲ့နှစ် အင်္ဂလန်တွင်ကျင်းပသော Peace Jam ညီလာခံသို့ တက်ရောက်ခဲ့ပြီး အရှေ့တီမောသမ္မတ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဟိုဆေးရာမို့်စ်ဟော်တာနှင့် တွေ့ဆုံခဲ့ကြသည်။ ၂၀၁၁ ခုနှစ် မတ်လတွင်လည်း နိုဘယ်ဆုရှင် အမျိုးသမီး ဘတ်တီဝီလျံနှင့် တွေ့ဆုံကြမည် ဖြစ်သည်။
ယခုနှစ်တွင် peaceJam အဖွဲ့သည် အကြမ်းဖက်မှု၊ စစ်ပွဲ၊ ပဋိပက္ခ၊ ငြိမ်းချမ်းရေး စတဲ့ ကမ္ဘာ့ပြဿနာများနှင့် ပတ်သက်ပြီး ကမ်ပိန်းများ၊ လူငယ်ချင်းတွေ့ဆုံဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ လုပ်ခဲ့ကြသည်။
No comments:
Post a Comment