မူလစာမျက်နှာ

Sunday, 26 December 2010

တပါတ်အတွင်း အဓိကသတင်း အနှစ်ချုပ်

အင်္ဂါနေ့က ကက်ဘိနက်က ဘန်ကောက်နဲ့အနီးအနားက ပြည်နယ်တွေဖြစ်တဲ့ နွန်ဌာဘူ ရီ၊ ပထွမ်ဌာနီနဲ့ ဆမွတ်ဖရားကန် မှာ အရေးပေါ်အမိန့်ဒီကရီ အဆုံးသတ်လိုက်တာဟာ ဒီတပါတ်အတွင်း ဖြစ်ပျက်သမျှတွေထဲက ထိပ်တန်းကိစ္စ ဖြစ်ပါတယ်။ ဘန်ကောက်နဲ့အ ထက်အညာပြည်နယ်တွေမှာ ရှပ်နီဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တဲ့ မတ်လကစလို့ ပြဋ္ဌာန်းခဲ့တဲ့ အရေးပေါ်အမိန့်ဒီကရီအဆုံးသတ်မှုဟာ ဒီဇင်ဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့မှာ လက်တွေ့ သက်ဝင်ခဲ့ပါတယ်။
နောက်ဆက်တွဲအနေနဲ့ အရေးပေါ်အခြေအနေ ဆုံးဖြတ်ရေးဗဟိုဌာနဟာလည်း အလိုအ လျောက် ဖျက်သိမ်းလိုက်ပြီးသား ဖြစ်သွားပါတယ်။ ဒီအမိန့်ဒီကရီနေရာမှာ ပြည်တွင်းလုံ ခြုံမှု အက်ဥပဒေနဲ့ အစားထိုးလိုက်ပါတယ်။ လုံခြုံရေးကိစ္စတွေ ကြီးကြပ်ဖို့ ပြည်တွင်းလုံ ခြုံမှုစစ်ဆင်ရေးဌာနချုပ် (Isoc) ရဲ့ ညွှန်ကြားရေးမှူးကို အာဏာအပ်နှင်းလိုက်ပါတယ်။ လုံခြုံရေးအက်ဥပဒေမှာ ကာဖြူးဆိုတဲ့ နေ၀င်မီးငြိမ်းအမိန့်ထုတ်ပြန်ဖို့၊ ပြည်သူအများစု ဝေးတာ၊ ဖျော်ဖြေရေးပွဲတွေနဲ့ အရေးပေါ်လိုအပ်လာရင် ကြော်ငြာတွေတားမြစ်ဖို့ Isoc ညွှန်မှူးကို သူ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အရလုပ်ဖို့ အာဏာလွှဲပေးထားပါတယ်။
ငြိမ်းဝပ်ပိပြားရေးထိန်းသိန်းဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ လုပ်ဆောင်ရာမှာ ရဲ တွေကို ကူဖို့ စစ်သားတွေကို အကူလွှတ်ဖို့အတွက်လည်း Isoc အရာရှိချုပ်ကို အာဏာ လွှဲအပ်ထားပါတယ်။ လုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ ထင်ရတဲ့ ဘယ်သူ့ကိုမဆို ညွှန် ကြားရေးမှူးရဲ့အမိန့်နဲ့ ထိန်းသိမ်းနိုင်ပါတယ်။
ကြည်းတပ်စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး ဒါဖုန်ရတ္ထနာဆူဝမ် ရဲ့ ခေါင်းဆောင်မှု အောက်မှာ အရေးပေါ်အခြေအနေဆုံးဖြတ်ရေး ဗဟိုဌာန (အဆဗ) နေရာကို အခြေအ နေစောင့်ကြည့်ရေးဗဟိုဌာန (အစဗ) က ဆက်ခံလုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ် ကြီး ဒါဖုန်ဟာ မတ်လနဲ့ မေလအတွင်း ဘန်ကောက်က ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တဲ့ ရှပ်နီ ဆန္ဒပြသမားတွေ နှိမ်နှင်းရေးမှာ အဓိကအခန်းက ပါဝင်လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဝေဖန်ရေးသမားတွေကတော့ လုံခြံရေးဌာနသစ်ဆိုတာ အ၀တ်အစားသစ်ဝတ်ထားတဲ့ ဖျက်သိမ်းလိုက်တဲ့ အရေးအပေါ်အခြေအနေဆုံးဖြတ်ရေးဗဟိုဌာနပဲ ဖြစ်တယ်လို့ ဝေဖန် ပြောဆိုကြပါတယ်။ (အစဗ) ကို ကနဦးဘတ်ဂျက်အနေနဲ့ ဘတ် ၁၅၆ သန်း ခွင့်ပြုလိုက် ပါတယ်။
(အဆဗ) ကို ဖျက်သိမ်းလိုက်တာနဲ့အတူ ရှပ်နီဆန္ဒပြပွဲကာလတုန်းကနေ ဒီဇင်ဘာ ၂၁ ရက်နေ့အထိ အစိုးရက သုံးစွဲခဲ့တဲ့ စစ်တပ်စစ်ဆင်ရေးလုပ်ငန်းအသုံးစရိတ် စုစုပေါင်း ငွေ စာရင်းတွေကို ပြည်သူလူထုကို အသိပေးဖို့ အတိုက်အခံတွေနဲ့ တခြားအဖွဲ့တွေရဲ့ တောင်းဆိုမှုတွေက တဖြည်းဖြည်း တိုးများလာနေပါတယ်။ အစိုးရကတော့  ဒီစာရင်း တွေကို ဖော်ထုတ်ဖို့ စိတ်ပါပုံ မရပါဘူး၊ ဒါကြောင့် ဒီအစိုးရသက်တမ်း ရပ်နားပြီး နောက် နှစ်ပါလီမန် အစည်းအဝေးပြန်အစမှာ ဒီစာရင်းတွေကို ထုတ်ဖော်ရှင်းလင်းပါမယ်လို့ ပြော ဆိုနေပါတယ်။
စီးပွားရေးအသိုင်းအ၀ိုင်းကတော့ အရေးပေါ်အမိန့် အဆုံးသတ်လိုက်တာကို ကြိုဆိုလိုက် ပြီး၊ ဒါဟာ ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကို တိုးတက်စေမှာဖြစ်တဲ့အပြင် တိုင်းပြည်ငြိမ်းချမ်းပြီ၊ ဒီ တိုင်းပြည်ကို လာရောက်လည်ပတ်ဖို့ အခုဆို လုံခြုံစိတ်ချရပြီဆိုတဲ့ သတင်းစကားကို တ ခြားတိုင်းပြည်က ပြည်သူတွေကို ပါးလိုက်တာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ခါနစ်န နခုန် ခေါင်းဆောင်တဲ့ အမှန်တရားနဲ့ ပြန်လည်သင့်မြတ်ရေးကော်မတီက အဆို ပြုတဲ့အတိုင်း ရှပ်နီ ၁၀၄ ယောက်ကို အာမခံနဲ့လွှတ်ပေးဖို့ အင်္ဂါနေ့က ကက်ဘိနက်က မူအရ သဘောတူခဲ့ပါတယ်။ ဒီလူတွေက မတ်လနဲ့မေလ ဆန္ဒပြ စဉ်ကတည်းက ထိန်း သိမ်းထားခဲ့သူတွေပါ။ တရားရေးဝန်ကြီးဌာနရဲ့ အခွင့်အရေးနဲ့ လွတ်လပ်မှုကာကွယ် စောင့်ရှောက်ရေး ဦးစီးဌာနက ထိန်းသိမ်းထားသူတွေ အာမခံနဲ့လွှတ်ပေးရေးကို အမျိုး သားပြန်လည်သင့်မြတ်ရေးရဲ့ တစိတ်တပိုင်းအနေနဲ့ စီစဉ်လုပ်ဆောင်မှာဖြစ်ပါတယ်။ အ ပြီးသတ်ဆုံးဖြတ်ချက်ကိုတော့ တရားရုံးက ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လုံခြုံရေး အရခြိမ်းခြောက်နိုင်တယ်လို့ ယူဆရတဲ့ အမာခံရှပ်နီခေါင်းဆောင်ကိုတော့  လွှတ်ပေးမှာ မဟုတ်ပါဘူး။
ဖမ်းဆီးထားတဲ့ ရှပ်နီတွေအကုန်လုံးလွှတ်ပေးဖို့ အစိုးရအပေါ် ဖိအားပေးမှုတွေ တိုးလာ နေတော့ ရတ်ချာဖရားဆွန် လမ်းဆုံနဲ့ဒီမိုကရေစီကျောက်တိုင်မှာ တလ၂ ကြိမ်လုပ်မယ့် လူထုစည်းဝေးပွဲတွေကို ရပ်ပစ်ဖို့ အာဏာရှင်ဆန့်ကျင်ရေး ညီ ညွတ်ရေးတပ်ပေါင်းစု (အညတ) က စီစဉ်နေပါတယ်။ ပထမဆုံးအနေနဲ့ ဇန်န၀ါရီလမှာ စလုပ်ပါမယ်။
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူနဲ့ကြေးစားလူသတ်သမား လို့ စွပ်စွဲခံထားရတဲ့ ဂျုတ်ပိုင်ခီရော် အသတ်ခံရတဲ့ နောက်ဆက်တွဲအနေနဲ့ ပြီးခဲ့တဲ့အပတ်က တရားမ၀င် ဆေးဝါးတိုက်ဖျက်ရေး စစ်ပွဲသစ်တခုကို အစိုးရက စတင်လုပ်ဆောင်လိုက်ပါပြီ။ မူးယစ် ဆေးဝါးထိန်းချုပ်ရေး ဘုဒ်အဖွဲ့ရုံးက ရဲတွေနဲ့စစ်တပ်ရဲ့ ပူးတွဲနှိမ်နှင်းရေးလှုပ်ရှားမှုက ဆေးဝါးသို လှောင်တဲ့နေရာတွေနဲ့ ကြားခံလွှဲပြောင်းတဲ့နေရာတွေအဖြစ် နာမည်ကြီးတဲ့ တချို့ပြည်နယ်တွေကို ပစ်မှတ်ထား လုပ်ဆောင်နေပါတယ်။ ပစ်မှတ်ထားတဲ့ ပြည်နယ် တွေကတော့ ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင်း၊ တချို့အလယ်ပိုင်းက ပြည်နယ်တွေနဲ့ တောင်ဘက်အစွန်ဆုံး ပြည်နယ် ၃ ခု တို့ဖြစ်ပါတယ်။
ဘန်ကောက် တမြို့တည်းမှာတင် ဆေးအပျံ့အနှံ့သုံးတဲ့ လူမှုအသိုင်းအ၀ိုင်း ၁၂၀ ကို ပစ် မှတ်ထား လုပ်ဆောင်နေပါတယ်။ တောင်ဘက်အစွန်ဆုံး ပြည်နယ်တွေမှာတော့ မူးယစ် စေတတ်တဲ့ ခရတ်သွမ် လို့ခေါ်တဲ့ သဘာဝအရွက်တမျိုး အသုံးပြုတာက လူငယ်အသိုင်း အ၀ိုင်းမှာ အများဆုံး ပြန့်နေတယ်လို့ ပြောကြပါတယ်။ မူးယစ်ဆေးကုန်သွယ်မှုကရတဲ့ ၀င်ငွေတွေက ဒေသတွင်းက သောင်းကျန်းသူတွေကို ထောက်ပံ့ဖို့ လမ်းကြောင်းဖြစ်နေတယ်လို့ ပြောဆိုနေကြပါတယ်။

No comments:

နေ့မှာ