စင်္ကာပူ ၀ါရင့်ဝန်ကြီး လီကွမ်ယူက မြန်မာစစ်အစိုးရကို ‘မိုက်မဲ ထုံထိုင်းအနသူများ’ (stupid and dense) ဟု ပြောဆိုမှုပါသော အမေရိကန်သံရုံး လျှို့ဝှက် အစီရင် ခံချက်ကို ၀ီကီလိခ်မှ ယခုအပတ် ထပ်မံဖွင့်ချလိုက်သည်။
စင်္ကာပူရှိ အမေရိကန် သံအမတ်ကြီး Patricia L.Herbold ရဲ့ ၀ါရှင်တန်သို့ ရေးသားပေးပို့ချက်တွင် လီကွမ်ယူက “တရုတ်ဟာ တခြားနိုင်ငံတွေထက်ပိုပြီး မြန်မာစစ်ခေါင်း ဆောင်များကို ဩဇာအလွှမ်းမိုးဆုံး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပေါက်ကွဲပြိုလဲသွားရင် သူတို့ ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးမှာ တရုတ်တို့ အမြဲစိုးရိမ်ကြောင်း’’ပြောထားချက် ပါဝင်သည်။
လီက “စစ်ခေါင်းဆောင်တွေဟာ တန်ဖိုးကြီးလှတဲ့ မြန်မာ့သဘာဝရင်မြစ်တွေအပေါ် အလွဲစီမံခန့်ခွဲနေကြောင်း၊ မြန်မာနိုင်ငံ အကျပ်အတည်းအတွက် ဖြေရှင်းဖို့ ဖြစ်နိုင်တဲ့နည်းလမ်းက ခပ်တုံးတုံး မဟုတ်တဲ့ နောက်ပေါက် စစ်တပ်အရာရှိငယ်တွေနဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေအကြား အာဏာခွဲဝေမှုနဲ့ သွားမှဖြစ်နိုင်ကြောင်း” ပြောကြားထားသေးသည်။
အသက် ၈၇ နှစ်ရှိ လီကွမ်ယူမှာ ၁၉၅၉မှ ၁၉၉၀ ခုနှစ်အထိ စင်္ကာပူဝန်ကြီးချုပ်ရာထူး ထမ်းဆောင်ခဲ့ပြီး၊ လက်ရှိဝန်ကြီးချုပ် သူ့သား လီရှိန်လွန်းကို အနီးကပ် အကြံပေးလျက်ရှိသည်။
No comments:
Post a Comment