မူလစာမျက်နှာ

Friday, 10 December 2010

မယားကြိုက်သည့် ပါတီ မဲမပေးရာမှ ယောင်္ကျားဖြစ်သူ အိမ်ပေါ်မှ နှင်ချခံရ

12/10/2010
နိုဝင်္ဘာ ၇ ရက်နေ့က ပြုလုပ်ခဲ့သော အထွေထွေ ရွေးကောက်ပွဲတွင် လင်ယောင်္ကျား ဖြစ်သူက ဇနီးမယား အကြိုက်ကို မလိုက်ဘဲ တခြားပါတီ တစ်ခုကို မဲပေးခဲ့သဖြင့် ဇနီးဖြစ်သူက လင်ယောင်္ကျား ဖြစ်သူကို အိမ်ပေါ်မှ နှင်ချလိုက်ကြောင်း ရန်ကုန်တိုင်းစ် ဂျာနယ်တွင် ဖေါ်ပြသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှ လင်မယား နှစ်ဦးမှာ ဇနီးက မဲပေးထည့်ခိုင်းသည့် ပါတီကို လင်ယောင်္ကျားဖြစ်သူက မဲမပေးသည့် အတွက် ယခုအချိန်ထိ ပြန်မပေါင်းဘဲ ကွဲနေကြကြောင်း အဆိုပါ ဂျာနယ်က ဖေါ်ပြသည်။

အဆိုပါ လင်မယားမှာ စစ်တွေမြို့ ရွာကြီးမြောက် ရပ်ကွက် စက်ရုံလမ်းမှ ဖြစ်ကြောင်း သိရသည်။

ဇနီးဖြစ်သူ ဒေါ်သန်းသန်းအေး (၄၃)နှစ် မှ သူမ၏ မိဘ ဆွေမျိုးအသိုင်းအ၀ိုင်းများ အားလုံးမှာ စစ်တွေမြို့နယ်မှ ကိုယ်စားပြု ၀င် ရောက်ယှဉ်ပြိုင်သည့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီကို ကြိုက်နှစ်သက်သဖြင့် အဆိုပါ ပါတီအား မဲပေးရန် မဲမထည့်မှီ တရက်အလိုကပင် ယောင်္ကျားဖြစ်သူကို ပြောကြားထားကြောင်း သိရသည်။

လင်ယောက်ျား ဖြစ်သူမှလည်း အဆိုပါ ပါတီကို မဲပေးရန် အကြမ်းအားဖြင့် သဘောတူညီခဲ့ကြောင်း ဒေါ်သန်းသန်းအေးက ပြောကြောင်း ဂျာနယ်က ဖေါ်ပြသည်။

မဲထည့်သည့်နေ့တွင် ဒေါ်သန်းသန်းအေးနှင့် လင်ယောက်ျားတို့ မှာ မိမိတို့ မဲပေးရမည့် မဲဆန္ဒ နယ်မြေသို့ သွားရောက်မဲပေးကြပြီး ယောက်ျားဖြစ်သူမှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီကို မဲမပေးဘဲ တခြားပါတီတစ်ခုကို အမှတ်ခြစ်၍ မဲပေးခဲ့သည်ဟု သိရသည်။

သို့အတွက် ကတိ မတည်သည့် အပြင် သူမ၏စိတ် အလိုကို မလိုက်သဖြင့် ယောင်္ကျား ဖြစ်သူကို ဒေါ်သန်းသန်းနုမှ အိမ်ပေါ်မှ နှင်ချ လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လင်ယောက်ျား ဖြစ်သူမှ မိမိမှာ ကတိ မတည်ခဲ့သည့် အတွက် မှားကြောင်းနှင့် အိမ်သို့ ပြန်လာလိုကြောင်း လူကြုံဖြင့် စာလွှာ သတင်းစကား မျာပါးသော်လည်း မယားဖြစ်သူမှ ရခိုင်တိုင်းရင်းသားများ ပါတီကို မဲမပေးခဲ့သဖြင့် စိတ်နာနေဆဲ ဖြစ်ကာ ယနေ့တိုင် မပေါင်း သင်းဘဲ ရှိနေသေးကြောင်း သိရသည်။

“ ယောင်္ကျားဖြစ်သူက ကြံ့ဖွံ့ပါတီကို မဲပေးခဲ့ပုံရပါတယ်။ အမျိုးသမီးက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကို ချစ်တာထက် ကြံ့ဖွတ်ပါတီကို မုန်းနေတဲ့အတွက် ခုလို သူယောင်္ကျားက သူမမုန်းတဲ့ ပါတီ အပေါ် မဲပေးခဲ့တာကြောင့် ခုလို အိမ်ပေါ်က နှင်ချလိုက်တာ ဖြစ်နိုင်ပါတယ်” ဟု စစ်တွေက သီချင်းရေး ဆရာ တစ်ဦးက ကောက်ချ ချက်ပြောကြားသည်။

No comments:

နေ့မှာ