မူလစာမျက်နှာ

Friday, 17 December 2010

ကိုယ်ဝန်ဆောင်ကျောင်းသူတွေ ပညာဆက်သင်ခွင့်ပေးမယ့် ဥပဒေသစ်

မျိုးဆက်ပွားခြင်းဆိုင်ရာ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှု အက်ဥပဒေ အသက်ဝင် တာနဲ့ တပြိုင်တည်းမှာ ကိုယ်ဝန်ဆောင် ကျောင်းသူတွေကို ကလေးမွေးဖွားအပြီး ပညာ ဆက်သင်ဖို့ အခွင့်အလမ်းတွေ ဆက်ပေးမှာ ဖြစ်ပါတယ်။ လို့ ပညာရေးဝန်ကြီးဌာနက တနေ့က ပြောပါတယ်။
အင်္ဂါနေ့က ကက်ဘိနက်က ဥပဒေကြမ်းကို အတည်ပြုလိုက်ပြီး၊ ပြန်လည်သုံးသပ်ဖို့အ တွက် နိုင်ငံတော်ကောင်စီကို အခု လွှဲပေးလိုက်ပါပြီ။ ဒီနောက် ဥပဒေအတည်ပြုဖို့ ပါလီ မန်ကို မပို့မီမှာ ကက်ဘိနက်က ဥပဒေကြမ်းကို နောက်ထပ်တခါ ပြန်လေ့လာမှာ ဖြစ်ပါ တယ်။
ဒီဥပဒေမူကြမ်းရဲ့သော့ချက်ကျတဲ့အချက်က ကျောင်းနေတုန်းမှာ ကိုယ်ဝန်ရှိလာတယ် ဆိုရင် ကျောင်းသူတွေကို ပညာဆက်သင်ခွင့်ပေးတာပါပဲ။ ဒီအယူအဆကို သူ့အနေနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောမတူတာတောင် သူ့ဝန်ကြီးဌာနက ဥပဒေ နဲ့အညီ ဆောင်ရွက်ဖို့ အသင့်ပါပဲ။ လို့ ပညာရေးဝန်ကြီးချင်နာဝေါင်း ဘွန်ညာကီရတ်က တနေ့က ပြောပါတယ်။
“ကျနော်တို့ လိုအပ်တဲ့စီမံဆောင်ရွက်မှုတွေ ပြင်နေပါတယ်” လို့ သူက ပြောပါတယ်။ ဒီ ဥပဒေအရ ကျောင်းသူတယောက်ဟာ ကိုယ်ဝန်ရှိတယ်ဆိုရင် တရားဝင်ဖြစ်ဖြစ် ဒါမှမ ဟုတ် တရားမ၀င်ဖြစ်ဖြစ် ပညာဆက်သင်နိုင်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ဆောင် ကျောင်းသူတဦး ကျောင်းထွက်သွားတယ်ဆိုရင် ကလေးမွေးဖွားပြီးရင် သူ့ကို ကျောင်း ပြန် တက်ခွင့်ပေးရပါမယ်။ “ဒီကိစ္စတွေအပြင် ကျောင်းသူတွေကြားမှာ ကိုယ်ဝန်ရှိတာကို တားဆီးကာကွယ်ဖို့ ကျနော်တို့ အလေးထားလုပ်ရပါမယ်” လို့ ချင်နာဝေါင်းက ပြောပါ တယ်။ ဒါပေမဲ့ မူကြမ်းက ကျောင်းသူတွေကြားမှာ ကိုယ်ဝန် ဆောင်တာကို အားပေးဖို့ ရေးဆွဲထားတာမဟုတ်ပါဘူး။ လို့ ပြည်သူ့ကျန်းမာ ရေးဝန်ကြီး ဂျူရင်လက်ဆနာဝီဆစ် က ပြောပါတယ်။
“ကိုယ်ဝန်ရှိလာခဲ့ရင် သူတို့ကို အကူအညီပေးဖို့ပဲ မျှော်လင့်တာပါ” လို့ သူက ပြောပါ တယ်။ ဥပဒေပြုပြီးပြီဆိုရင်တော့ လူမှုဖွံ့ဖြိုးရေးနဲ့လူသားလုံခြုံမှုဝန်ကြီးဌာနက အကူအ ညီလိုတဲ့ ကျောင်းသူတွေကို နေရာထိုင်ခင်း ပံ့ပိုးပေးမှာဖြစ်ပါ တယ်။ “တကယ်လို့ ကျောင်းသူတွေက   သူတို့ ကလေးကို ကျွေးမွေးစောင့်ရှောက်တာ မလုပ်နိုင်ဘူးဆိုရင်၊ ၀န်ကြီးဌာနက ကလေးတွေကို မွေးစားပေးပါမယ်” လို့ ဂျူရင်က ဆိုပါတယ်။
ကြိုတင်တားဆီးကာကွယ်တဲ့အစီအမံတရပ်အနေနဲ့ ပညာရေးဝန်ကြီးဌာနက ကျောင်း သားကျောင်းသူတွေကို သင့်တော်တဲ့ လိင်ပညာရေးပေးဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ လို့ သူက ပြောပါတယ်။ ဥပဒေပြုပြီးပြီဆိုရင် ဒီလိုနေရာ တွေမှာ လိင်မှုဆိုင်ရာအနှောက် အယှက်ပေးတာတွေကို တားဆီးကာကွယ်ဖို့အတွက် မျိုးဆက်ပွားခြင်းဆိုင်ရာ ကျန်းမာ ရေးကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေမှာ ၀ါရင့်အစိုးရအရာရှိတွေနဲ့ အလုပ်ရှင်တွေ လည်းပါဝင်ဖို့ ထည့်သွင်းပြဋ္ဌာန်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လက်အောက်ခံတွေနဲ့ အလုပ် သမားတွေကို ကာကွယ်စောင့်ရှောက်ဖို့ ပျက်ကွယ် တယ်ဆိုရင် ဒဏ်ငွေ ဘတ် ၆၀,၀၀၀ ထိ ဒဏ်တပ်ခံရပါမယ်။

No comments:

နေ့မှာ