မူလစာမျက်နှာ

Wednesday, 15 December 2010

ဝီကီလိ တည်ထောင်သူ အဆန်းခ်ျကို အာမခံပေးလိုက်ပြီ

Assange
ဆွီဒင်အစိုးရရှေ့နေတွေက အသနားခံပြီးနောက်၊ အင်္ဂါနေ့က လိင်မှုဆိုင်ရာရာဇ၀တ်မှုနဲ့ အဖမ်းခံထားရတဲ့ ၀ီကီလိ တည် ထောင်သူ ဂျူလီယံအဆန်းခ်ျဟာ ဗြိတိသျှတရားရုံးက အာမခံရခဲ့ပါတယ်။ ဒါပေမဲ့ အနည်းဆုံးနောက် တညကြာတော့ ထောင်ထဲမှာပဲ နေရပါ အုန်းမယ်။ ဆွီဒင်အာဏာပိုင်တွေရဲ့တောင်းဆိုမှုကြောင့် အဖမ်းခံထားရတာ တပတ်ကြာ နေပြီဖြစ်တဲ့ အဆန်းခ်ျကို လန်ဒန်တရားရုံးက ချွင်းချက်နဲ့ အာမခံပေးလိုက်ပါတယ်။
ဒါပေမဲ့ ဒီအမှုကို ၄၈ နာရီအတွင်းမှာ အသစ်ကြားနာမှု လုပ်ရမယ်လို့ ရှေ့နေတွေက နောက် ၂ နာရီအကြာမှာ ကြေညာလိုက်ပါတယ်။ အခုထိတော့ အဆန်းခ်ျက သူ့မှာ အ ပြစ်မရှိကြေင်း ငြင်းဆိုပါတယ်။ သူဟာ အခု လန်ဒန်က ၀မ်စ်ဝါ့သ်အကျဉ်းထောင်ထဲက အခန်းငယ်တခုမှာ ရှိနေပါတယ်။
“အဆန်းခ်ျကို ထောင်ထဲမှာ ဆက်ထားစရာ ဘာအကြောင်းမှ မရှိဘူးဆိုတာ ရှင်းနေပါ တယ်” လို့ အဆန်းခ်ျရဲ့ရှေ့နေ မတ်စတက်ဖင်း က သတင်းထောက်တွေကို ပြောပါ တယ်။
ခရိုင်တရားသူကြီး ဟိုးဝပ်ဒ်ရစ်ဒယ်လ်က ပေါင်စတာလင် ၂၄၀,၀၀၀ (ဒေါ်လာ ၃၇၈,၀၀၀၊  ယူရို ၂၈၃,၀၀၀) နဲ့ အာမခံ ပေးလိုက်တာပါ။  တရားရုံးမှာ အမေရိကန်ရုပ် ရှင် ဒါရိုက်တာ မိုက်ကယ်မိုး ရှိနေသလို သြစတြေးလျကနေ လေယာဉ်နဲ့ ရောက်လာတဲ့ အဆန်းခ်ျ အမေလည်း  ရှိနေပါတယ်။ အဆန်းခ်ျကို တရားရုံးက အာမခံပေးလိုက် ကြောင်း ကြေညာလိုက်တာနဲ့ တရားရုံးပြင်ဘက်က အဆန်းခ်ျကို ထောက်ခံသူတွေက လက်ခုပ်သြဘာပေးကြပါတယ်။ ဒါပေမဲ့  သူ့ကို အခု လွှတ်ပေးမှာမဟုတ်သေးဘူးလို့ သိ လိုက်ရတော့ အသံတွေက ငြိမ်သက်သွားပြန်ပါတယ်။
အဆန်းခ်ျဟာ ထောင်ထဲမှာ တိုက်ပိတ်ခံနေရတာဖြစ်ပြီး၊ တပတ်ကို တခါပဲ ထောင်ဝင် စာ တွေ့ခွင့်ရတာပါ။ သူ့ဆန္ဒအလျောက် အဆန်းခ်ျဟာ ဒီဇင်ဘာ ၇ ရက်နေ့က အဖမ်းခံ ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဥပဒေအကျိုးဆောင်အဖွဲ့က ဒီအမှုကို နိုင်ငံရေးကိစ္စကြောင့် လုပ်တာဆိုပြီး ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအမှုက အမေရိကန်သံတ မန်တွေရဲ့ လျှို့ဝှက်ကြေးနန်းတွေထောင်ပေါင်းများစွာကို ၀ီကီလိက ထုတ်ပြန်တဲ့အချိန် နဲ့ တိုက်ဆိုင်နေတယ်ဆိုတာကို ထောက်ပြခဲ့ပါတယ်။ အဆန်းခ်ျကို နောက်နှစ် ဇန်န၀ါရီ လ ၁၁ ရက်နေ့မှာ တရားရုံးထုတ်ဖို့ ရှိပြီး ဖေဖေါ်ဝါရီလ ၇ ရက်နဲ့ ၈ ရက်နေ့မှာ နေရပ် ရင်းပြန်ပို့ဖို့သတ်မှတ်ထားတဲ့အပေါ် စီရင်ချက်ချမှတ်မှာ ဖြစ်ပါတယ်။

No comments:

နေ့မှာ