တရုတ်ပြည် ရှန်ဟိုင်းမြို့မှ ဆယ်ကျော်သက်များသည် သင်္ချာ၊ သိပ္ပံနှင့် စာပေ လေ့လာမှုတွင် နိုင်ငံတကာ အဆင့်အရ ကမ္ဘာ့ အတော်ဆုံးများ ဖြစ်နေကြောင်း အိုအီးစီဒီ(Organization for Economic Cooperation
and Development) အစီရင်ခံစာက ဖော်ပြလိုက်သည်။
ချမ်းသာသောနိုင်ငံများရဲ့ အိုဒီးစီဒီ ‘ပီစာအစီရင်ခံစာ’ (Pisa education report)သည် သုံးနှစ်တစ်ကြိမ် ဆယ်ကျော်သက်များ ပညာရေးအခြေအနေကို တင်ပြလေ့ရှိပြီး၊ ယခုနှစ်တွင် ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံ ၆၅ နိုင်ငံမှ အသက် ၁၅ နှစ်ရှိ ကျောင်းသား ၄၇၀၀၀၀ ကို စစ်တမ်းထုတ် လေ့လာခဲ့သည်။
ယခင်က တောင်ကိုရီယားနှင့် ဖင်လင်တို့သည် စစ်တမ်း ထိပ်ဆုံးတွင် အမြဲတမ်းရှိခဲ့သော်လည်း၊ ယခုနှစ်တွင် တရုတ်ပြည် ပါဝင်လာပြီး ရှန်ဟိုင်းမှ ဆယ်ကျော်သက်များမှာ ပြိုင်ဆိုင်မှုတိုင်းတွင် အခြားနိုင်ငံ အားလုံးရဲ့ ထိပ်ဆုံးတွင် ရှိနေကြောင်း တွေ့ရှိရသည်။
“ရှန်ဟိုင်း ဆယ်ကျော်သက် လေးပုံတစ်ပုံကျော်က ရှုပ်ထွေးတဲ့ ပုစ္ဆာတွေကို ဖြေရှင်းရာမှာ အဆင့်မြင့် သင်္ချာကျွမ်းကျင်မှုကို ပြသနိုင်ခဲ့ကြပါတယ်” ဟာ အိုအီးစီဒီတွင် ဖော်ပြထားသည်။ ရှန်ဟိုင်းသည် လူဦးရေ သန်း ၂၀ ကျော်ရှိ မြို့ကြီးဖြစ်ပြီး ကျောင်းများတွင် ပညာရေး တန်းတူညီမျှမှုရှိဖို့ ကြိုးစားခြင်းရဲ့ ရလဒ်ဖြစ်ကြောင်း ချီးကျုးထားသည်။
သင်္ချာ သိပ္ပံနှိုင်းယှဉ်ချက်အရ တောင်ကိုရီယားသည် ဒုတိယရှိပြီး၊ ဟောင်ကောင်က စတုထ္ထ၊ စင်္ကာပူ၊ ထိုင်ဝမ်၊ ဂျပန်တို့က နောက်တွင်အသီးသီးတန်းစီလိုက်ခဲ့ကြသည်။
အနောက်နိုင်ငံအများစု ချီးကျုးကြရသော ပညာရေးစနစ်ကောင်းမွန်တဲ့ ဖင်လန်နိုင်ငံမှ ဆယ်ကျော်သက်များမှာ သင်္ချာ တတိယနေရာတွင်ရှိသည်။ ဘယ်ဂျီယံ၊ အက်စ်တိုးနီးယား၊ အိုက်စလန်၊ နယ်သာလန်၊ နော်ဝေ၊ ပိုလန်၊ ဆွစ်စလန်တို့မှာ အိုအီးစီဒီ ပျမ်းမျှချက်ထက် ကောင်းမွန်အောင် ဆောင်ရွက်မှုပြနိုင်ခဲ့သည်။ အမေရိကန်၊ ဆွီဒင်၊ ဂျာမဏီ၊ ပြင်သစ်၊ အိုင်ယာလန်၊ ဗြိတိန်၊ ဟန်ဂေရီ၊ ပေါ်တူဂီတို့မှာ အိုအီးစီဒီနိုင်ငံများပုံမှန်အဆင့်တွင်သာ ရှိနေသေးသည်။
No comments:
Post a Comment