မူလစာမျက်နှာ

Wednesday, 1 December 2010

အကြီးဆုံး စစ်ရေးလျှို့ဝှက်ချက်တွေ ဖွင့်ပြလိုက်တဲ့ ၀ီကီလိ

(WikiLeaks)

us army
၂၀၁၀၊ အောက်တိုဘာ၊ ၂၂ရက်၊ အမေရိကန် အရှေ့ဖက်ဒေ သ စံတော်ချိန် သောကြာနေ့ ညနေ ၅နာရီမှာ ၀ီကီလိ (WikiLeaks) က သက်ဆိုင်သူတွေလောက်သာ ဖတ်ရှုခွင့်ရတဲ့ စစ်ရေးသတင်းလျှို့ဝှက်ချက်တွေ ကို ထုတ်ပြန်ခဲ့လို့ သမိုင်းမှာ အကြီးမားဆုံး သတင်းယို စိ့မ်မှုကြီးတခု ဖြစ်ခဲ့ပါတယ်။ အစီရင်ခံစာပေါင်း ၃၉၁,၈၃၂ စောင် (အီရတ်စစ်ပွဲ မှတ်တမ်း တွေ) မှာ  ၂၀၀၄ ဇန်န၀ါရီလ၊ ၁ ရက်နေ့ကနေ ၂၀၀၉၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အီ ရတ်စစ်ပွဲနဲ့အီရတ်ကို ၀င်ရောက်သိမ်းပိုက်တဲ့အကြောင်းတွေကို အမေရိကန်ပြည်ထောင် စုတပ်မတော်က စစ်သားတွေပြောပြတဲ့အတိုင်း မှတ်တမ်းပြုစုထားပါတယ်။ ဒီအထဲမှာ ချွင်းချက်အနေနဲ့ ၂၀၀၄ခုနှစ် မေလ နဲ့ ၂၀၀၉ ခုနှစ် မတ်လက အဖြစ်အပျက်တွေတော့ မပါဘူး။ ဒီမှတ်တမ်းတွေက အီရတ်စစ်မြေပြင်မှာရှိနေတဲ့ အမေရိကန်ပြည်ထောင်စုက စစ်သားတွေ မြင်သမျှ၊ ကြားသမျှ အသေးစိတ်အဖြစ်အပျက်တွေကို မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဒါဟာ  အမေရိကန်ပြည်ထောင်စုမှာ အများပြည်သူကို ပထမဆုံး ဖွင့်ပြလိုက် တဲ့ လျှို့ဝှက်စစ်သမိုင်းတွေထဲက တကယ့်ဖြစ်ရပ် တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
အီရတ်မှာသေဆုံးတဲ့ လူပေါင်း ၁၀၉,၀၃၂ ယောက်ထဲမှာ အရပ်သား ၆၆,၀၈၁ ယောက်၊ ရန်သူ ၂၃,၉၈၄ ယောက် (သူပုန်လို့တံဆိပ်တပ်ခံရတဲ့လူတွေ)၊ အီရတ်အစိုးရစစ်သား ၁၅,၁၉၆ ယောက်နဲ့ ညွန့်ပေါင်းတပ်ဖွဲ့က မဟာမိတ်တပ်သား ၃,၇၇၁ ယောက်တို့ ဖြစ် တယ်လို့ ဒီအစီရင်ခံစာမှာ အသေးစိတ်ဖော်ပြထားပါတယ်။ သေဆုံးသူ ၆၆,၀၀၀ (၆၀% ကျော်) ဟာ အရပ်သားတွေဖြစ်ပါတယ်။ ဒါက ၆ နှစ်အတွင်းမှာ အရပ်သား ၃၁ ယောက် နေ့တိုင်း သေနေတယ် ဆိုတာကို ပြနေပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၀ီကီလိက အ ရင် ထုတ်ပြန်ခဲ့တဲ့ အာဖဂန်စစ်ပွဲနေ့စဉ်မှတ်တမ်းမှာ ဒီအချိန်ကာ လမှာပဲ အာဖဂန်မှာ သေဆုံးသူ ၂၀,၀၀၀ ရှိတယ်လို့ အသေးစိတ် ဖော်ပြထားပါတယ်။ ဒီအချိန်မှာ လူဦးရေ အချိုး အစားအရ အီရတ်မှာ သေကျေမှုတွေက ၅ ဆရှိပါတယ်။
ဒီစစ်ရေးလျှို့ဝှက်သတင်းတွေကို ထုတ်ပြန်ခဲ့တဲ့ ၀ီကီလိ (WikiLeaks) ဟာ အကျိုးအ မြတ်အတွက် လုပ်နေတာမဟုတ်တဲ့ သတင်းအဖွဲ့အစည်းတခု ဖြစ်ပါတယ်။ သူတို့ရည် မှန်းချက်က အရေးကြီးတဲ့သတင်းအချက်အလက်တွေကို ပြည်သူလူထုဆီ အရောက်ပို့ ပေးဖို့ပဲဖြစ်တယ်လို့ ပြောပါတယ်။ ဒီသတင်းအဖွဲ့ကြီးကို ၂၀၀၇ခုနှစ်မှာ တရားဝင်စတင်ခဲ့ တာဖြစ်ပြီး လွတ်လပ်စွာပြောဆိုခွင့်ကို ခုခံကာကွယ်ဖို့ သူတို့အလုပ်ကို အခြေပြုထားပါ တယ်လို့ ပြောပါတယ်။ အသေး စိတ်သိလိုချင်ရင်တော့ (wikileaks.org) မှာ ၀င်ရောက် ဖတ်ရှုနိုင်ပါတယ်။

No comments:

နေ့မှာ