11/29/2010 တာကလူး အမျိုးသမီး တစ်ဦး အပါအ၀င် မြန်မာနိုင်ငံသား ၃ ဦးကို စိတ်ကြွ ယာဘားဆေးပြားများနှင့် အတူ ဘင်္ဂလာဒေခ်ျ့နိုင်ငံထဲ ၀င်ရောက်စဉ် နယ်ခြားစောင့်တပ် ဘင်္ဂလာရိုင်ဖယ်မှ ဖမ်းဆီးလိုက်သည်။
အဆိုပါ မြန်မာနိုင်ငံသား ၃ ဦးထဲမှ ဖမ်းဆီးခံရသူ အမျိုးသမီး တစ်ဦးမှာ မောင်တောမြို့ မောင်တောမြို့ စံပြကျေးရွာမှ မသန်းနု (၂၈) နှစ် ဖြစ်သည်။
သူမသည် ယာာဘားဆေးပြား ၁၀၀၀ ခန့်အား ခန္ဓာကိုယ်ပေါ်တွင်ဝှက်ပြီး မောင်တောမှ နေ့ချင်းပြန် မော်တော် ဘုတ်ဖြင့် ယူဆောင် လာစဉ် တက်ကနက်မြို့ အ၀င်တွင် ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့ဝင် အမျိုးသမီးများက မော်တော်ဘုတ်အား တက်ရောက်ရှာဖွေရာမှ ဖမ်းဆီးခံရခြင်း ဖြစ်သည်။
မျက်မြင် တခြား အမျိုးသမီး တစ်ဦးက ၄င်းအမျိုးသမီး ဖမ်းဆီးခံရပုံကို နိရဉ္စရာသို့ ယခုကဲ့သို့ ပြောပြသည်။
“ဖမ်းတာက မနေ့က နေ့လည် ၁၂း၀၀ နာရီအချိန် မြန်မာဘက်က တရားဝင် ပက်စပို့ဘုတ် ဘင်္ဂလာကို ၀င်တဲ့အချိန်မှာ ဖမ်းတာပါ။ ဘီဒီအာ အမျိုးသမီး တပ်သားတွေက မော်တော်ဘုတ်ပေါ် ပါလာတဲ့ မြန်မာပြည်ဘက်က အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို မွှေနှောက် ရှာဖွေနေစဉ်မှာ အဲဒီ အမျိုးသမီးက တွေ့တော့ ကြောက်ပြီး သူယူလာတဲ့ အိတ်ကလေးတွေနဲ့ ထုတ်ထားတဲ့ ယာဘ ဆေးပြားတွေကို မြစ်ထဲကို လွှင့်ပစ်ခဲ့တယ်။ ဒါကို ဘီဒီအာတွေက မြင်သွားတော့ အဲဒီ ဆေးထုပ်လေးတွေကို လိုက်ဆယ်ပြီး အဲဒီ အမျိုးသမီးကို လဲ တစ်ခါတည်း ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။”
မြန်မာဘက်က ယာဘဆေးပြားတွေ အလုံးအရင်းနဲ့ နေ့တိုင်းလိုလို ၀င်နေသဖြင့် ယခုအခါ အမျိုးသားများကိုသာမက အမျိုးသမီးများကို စစ်ဆေးရန် အတွက် နယ်စပ်တွင် ဘီဒီအာရ် အမျိုးသမီး တပပ်ဖွဲ့ဝင်များကိုပါ ချထားကြောင်း သိရသည်။
သူမကို ဘီဒီအာမှဖမ်းဆီးပြီး နောက်ပိုင်း ဥပဒေကြောင်းအရ အရေးယူရန် တက်ကနက် ရဲစခန်းသို့ ဘင်္ဂလာရိုင်ဖယ် ကလွဲပြောင်း လိုက်ကြောင်းသိရသည်။
လွန်ခဲ့သော စနေ့နေ့ ညနေပိုင်းကလည်း မြန်မာ နိုင်ငံသား နှစ်ဦးကို မောင်တောမှ လှေဖြင့် ငါးပုဇွန်များနှင့်အတူ ၀ှက်ယူလာသည့် ယာဘဆေးပြား ၂၀၀၀၀ နှင့် အတူ ရှင်မဖြူ (ခေါ်) ချာပိုရီဒိပ် ကျွန်းသို့ အတက်တွင် ဘီဒီအာများက ဖမ်းဆီးခဲ့သည်။
No comments:
Post a Comment