မူလစာမျက်နှာ

Saturday, 18 September 2010

စက်တင်ဘာ (၁၆) ရက်နေ့က CRPP အစည်းအဝေး ပြုလုပ်နေပုံ။ NLD နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ မဟာမိတ်အဖွဲ့ဖြစ်သော CRPP က ယခင်ကအတိုင်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။ အ ဖွဲ့ (၁၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အစည်းအဝေးဖြစ်သည်။ ဦးတင်ဦး၏ အိမ်တွင် ပြုလုပ်ခဲ့သည်။
ဦးဝင်းတင် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ
ပိုမိုစိတ်ချစေရန် ဆေးခန်းတွင် ဆက်နေရဦးမည်

ဓာတ်ပုံသတင်း - မိုးမခ၀က်ဘ်ဆိုက် (စက်တင်ဘာ ၁၈၊ ၂၀၁၀)
အာရှတော်ဝင် အထူးကုဆေးခန်းတွင် ဧည့်သည်များနှင့်အတူ တွေ့ရသော NLD ခေါင်းဆောင် ဦးဝင်းတင်။ “ကျန်းမာပါတယ်။ ကျန်းမာရေးအခြေအနေကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် စိတ်ချရတဲ့အထိ ဆေးခန်းမှာ ဆက် နေရမယ်” ဟု ဦးဝင်းတင်ထံသို့ ရောက်ခဲ့သူတဦးက ပြောသည်။ အာရှတော်ဝင်သို့ စက်တင်ဘာ (၁၂) ရက်နေ့ က စတင်ရောက်ရှိခဲ့သည်။

No comments:

နေ့မှာ