တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကျွဲသုံးညီမကျေးရွာအခြေစိုက်မောရဝတီရေတပ်စခမ်းမှ ရွာသားများပိုင် လယ်မြေဧက(၁ဝဝ)ကျော်ကို တပ်စိုက်ပျိုးမြေအဖြစ် ယခုရက်ပိုင်းအတွင်း အတင်းအဓမ္မသိမ်းဆည်းခဲ့သည်ဟု ဒေသခံများမှပြောပါသည်။ အဆိုပါတပ်ပိုင်လယ်ယာမြေသိမ်းရာတွင်နေပြည်တော်မှ ညွှန်ကြားချက်အရ သိမ်း ဆည်းခဲ့သည်ဟုဆို၏။ ဤကဲ့သို့လယ်ယာမြေများကို မတရားသိမ်းဆည်းခဲ့သော်လည်း လျော်ကြေးပေးခြင်း မရှိဟု ဒေသခံတစ်ဦးမှ ကောင်းဝါသတင်းဌာနကို အောက်ပါအတိုင်းပြောဆိုခဲ့ပါသည်။ ယခုလိုလယ်ယာမြေသိမ်းဆည်းခံရသည့်အပေါ် မည်သူ့ကိုတိုင်ကြားရမည်မသိဟု လယ်မြေ အသိမ်း ဆည်းခံရသူ လယ်သမားတစ်ဦးမှပြောပါသည်။ အရင်ကဆိုရင် မွန်ပြည်သစ်ပါတီကိုတိုင်ရင် သူတို့အနေနဲ့ အထက်ကိုတင်ပေးတိုင်ကြားပေးနိုင်သေးတယ်။ အခုတော့ ပါတီနဲ့အစိုးရတို့ပြေလည်မှုမရှိတော့ ကျွန်တော်တို့ဘယ်သူ့ကိုတိုင်ရမလဲဆိုတာ စဉ်းစားလို့မရဘူး။ ကိုယ့်ဘိုးဘွားပိုင်မြေဆိုတော့ နှစ်မြောတာပေါ့ဗျာ။ မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းတွင် (၂ဝဝဝ)ပြည့်နှစ်မှယနေ့အထိ ပြည်သူ များ၏လယ်ယာခြံမြေဧက ပေါင်းတစ်သောင်းကျော်ကို တပ်ပိုင်မြေအတွက်သော်၎င်း ဂက်ပိုက်လိုင်းလုပ်ဆောင်ရန်အတွက်သော်၎င်း စစ်တပ် မှသိမ်းပိုက်ခဲ့ပြီးကြောင်း စစ်တမ်းကောက်ယူထားသည့် မွန်ပြည်လူ့အခွင့်အရေးဖေါင်ဒေးရှင်း၏ဒါရိုက်တာ နိုင်ကဆော့မွန်မှပြောပါသည်။ မြန်မာတပ်မတော်တွင် စစ်အင်အားသာတိုးချဲ့လာသော်လည်း စစ်တပ်အတွင်း လုံလောက်သောဘတ်ဂျက်ငွေမရှိတဲ့အတွက် ယခုလိုပြည်သူများ၏ခြံမြေများကိုသိမ်းယူပြီး တပ်တွင်းရန်ပုံငွေ ဖူလုံရေးအတွက် လုပ်ဆောင်နေရသည်ဟု နိုင်ကဆော့မွန်မှ ပြောပါသည်။ | ||||
Sunday, 12 September 2010
မောရဝတီရေတပ်စခမ်းမှ လယ်မြေဧက(၁ဝဝ)ကို တပ်ပိုင်အဖြစ်သိမ်းဆည်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment