မူလစာမျက်နှာ

Saturday, 18 September 2010

မေမေ

ကမာပုလဲ

သူ့ရင်ခုန်သံနဲ့
ကျနော် အသက်ရှင်ခဲ့ …။

ကျနော့်ကိုယ်ထဲက
နီရဲနေတဲ့ သွေးတွေဟာ သူ့သွေး …။

ကျနော့်မျက်ဝန်းထဲမှာ
ကြယ်လေးတစင်း
သူပဲ ထွင်းထုပေးခဲ့တာပါ …။

ကျနော်ရယ်တော့
သူငိုတယ်လေ …။

ကမာပုလဲ
(အမေများနေ့၊ ၂၀၁၀)

No comments:

နေ့မှာ