မူလစာမျက်နှာ

Tuesday, 21 September 2010

ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုဆု ထပ်ရ

အာရှ လစ်ဘရယ်နှင့် ဒီမိုကရက်တစ်များ ကောင်စီ(Council of Asian Liberals and Democrats - CALD)က ဒေါ်အောင် ဆန်း စုကြည်ကို တသီးပုဂ္ဂလ ဂုဏ်ထူးဆောင် အဖွဲ့ဝင် အထိမ်းအမှတ် ဆုတံဆိပ် ပေးအပ်ကြောင်း သိရသည်။

Delegates at the CALD conference with Aung San Suu Kyi award400
ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဇိုရာဖန်းက အထိမ်းအမှတ် ဆုတံဆိပ် ယူနေစဉ်(ဓာတ်ပုံ - Burma Campaign - UK)
ယင်းတံဆိပ် ပေးအပ်ပွဲ အခမ်းအနားကို ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ကျင်းပသော ဗြိတိန် လစ်ဘရယ် ဒီမိုကရက်များ၏ နှစ် ပတ်လည် ကွန်ဖရင့် အတွင်း ယမန်နေ့က ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အထိမ်းအမှတ်တံဆိပ်ကို ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့(Burma Campaign - UK )မှ နိုင်ငံ တကာ ဆက်ဆံရေး တာဝန်ခံ ဇိုရာဖန်းက ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား လက်ခံယူခဲ့ကြောင်း CALD အဖွဲ့၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

ဇွန်လ ၂၉ ရက်နေ့တွင် မနီလာမြို့၌ ကျင်းပခဲ့သော CALD ညီလာခံ၏ အမူဆောင် ကောင်စီ အစည်း အဝေးတွင် ထိုသို့ ဂုဏ် ထူးဆောင် အဖွဲ့ဝင်အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

CALD အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်နှင့် လူမျိုးအတွက် မတုန်မလှုပ် ဇွဲနှစ် ဆောင်ရွက်မှု၊ ဥပဒေ စိုးမိုးရေး နှင့် လူ့အခွင့်အရေးကို လေးစားရေး၊ လွတ်မြောက်မှု ကြိုးပမ်းရေးနှင့် ဒီမိုကရေစီရေးတို့ကို ဆောင်ရွက်မှုကြောင့် ဂုဏ်ထူး ဆောင် အဖွဲ့ဝင် အထိမ်းအမှတ် တံဆိပ် ချီးမြှင့်ရခြင်းဖြစ်ကြောင်း ဆိုသည်။

CALD အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ၊ မာကတ်တီမြို့တွင် အခြေစိုက်သော အဖွဲ့အစည်း တခုဖြစ်သည်။ 

၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော CALD တွင် ဖိလစ်ပိုင် အပါအ၀င် ထိုင်း၊ ထိုင်ဝမ်၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ပါကစ္စတန်၊ ဟောင်ကောင် တို့မှ နိုင်ငံရေး ပါတီဝင်များနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) တို့ပါဝင်သည်။

CALD သည် ဥရောပ လစ်ဘရယ်နှင့် ဒီမိုကရက်တစ်များ မဟာမိတ်အဖွဲ့၊ လက်တင် အမေရိက လစ်ဘရယ်များ ကွန်ရက်တို့ နှင့်လည်း ချိတ်ဆက် ထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ခုနှစ်မှ စတင်၍ ငြိမ်းချမ်းရေး နိုဗဲလ်ဆု အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တက္ကသိုလ် များက ဂုဏ်ပြု ဆုပေါင်း ၈၀ ကျော် ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပြီးခဲ့သည့် ၂၁ နှစ်တာ ကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ်ချ ခံထားရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ရန် ၃ လ အလို ၂၀၀၉ ခုနှစ် သြဂုတ် ၁၁ ရက်နေ့တွင် အမေရိ ကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော နေအိမ်အတွင်းသို့ ဝင်ရောက်မှုဖြင့် နေအိမ်အကျယ်ချုပ် ဥပဒေကို ချိုးဖောက် သည်ဟုဆိုကာ ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်ခံခဲ့ရသည်။ ထို့နောက် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့် ဖြင့် နေအိမ်အကျယ်ချုပ် ၁၈ လ သို့ လျှော့ချခဲ့သည်။

No comments:

နေ့မှာ