တူညီဝတ်စုံ ဝတ်ဆင်၍ ရင်ထိုးတံဆိပ် တပ်ထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)
ဒီကနေ့ ဆွေးနွေးပွဲကို မိတ္ထီလာမြို့နယ် NLD အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးရဲ့ အိမ်မှာ မြင်းခြံ၊ သာစည်၊ ဝမ်းတွင်း၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ပျော်ဘွယ်၊ ရမည်းသင်းနဲ့ မလှိုင် စတဲ့ မြို့နယ်တွေက NLD အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၀ဝ နီးပါး တက်ရောက်ကြကြောင်း သိရပါတယ် ။
အဖွဲ့ချုပ် ဗဟိုက ချောင်းဆုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ် ၊ ဖားအံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ် နန်းခင်ထွေးမြင့် ၊ ဗဟိုလူငယ်တာဝန်ခံ ကိုမျိုးညွန့်နဲ့ မန္တလေးတိုင်း စည်း ဦးကိုလေးတို့ တက်ရောက်ကြတယ်လို့ သိရပါတယ် ။
ဒီသတင်းနဲ့ ပတ်သက်ပြီး RFA မှ ဦးခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်းထားပါတယ်။
No comments:
Post a Comment