မူလစာမျက်နှာ

Tuesday, 14 September 2010

ကျောက်ဖြူမြို့နယ်တွင် ကြံ့ဖွံ့ ပါတီမှ အဖွဲ့ဝင်သစ်များကို ခွဲတန်းချ စည်းရုံး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ကြံ့ဖွံ့ ပါတီမှ အဖွဲ့ဝင်သစ်များကို မ၀င်မနေရ ခွဲတန်းချပြီး စည်းရုံးသိမ်းသွင်းနေသည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ စည်းရုံး သိမ်းသွင်းနေမူကို ကျောက်ဖြူမြို့နယ် အမှတ် ၅ နှင့် အမှတ် ၆ နယ်မြေတွင် ပြုလုပ်နေကြောင်း ဒေသခံ ရွာသား တစ်ဦးက ပြောသည်။

“ အမှတ် ၅ နဲ့ အမှတ် ၆ နယ်မြေတွေ ဖြစ်ကြတဲ့ ဇင်ချောင်းနဲ့ စနဲ တိုက်နယ်တွေမှာ ကျေးရွာ တစ်ရွာက လူ ၅၀ နုန်းနဲ့ ကြံ့ဖွံ့ ပါတီထဲကို ၀င်ရမယ်ဆိုပီး ကျောက်ဖြူမြို့နယ် ကြံ့ဖွံ့ စည်းရုံးရေမှူး ဦးမျိုးကိုဟန် ကနေပြီးတော့ ကျေးရွာ ရယက ဥက္ကဌတွေကို အမိန့်ထုတ်ကာ ကြံ့ဖွံ့ ပါတီအတွက် အဖွဲ့ဝင် သစ်တွေကို စုဆောင်းနေပါတယ်” ဟု သူက ပြောသည်။

ကျေးရွာသားများမှာ ကြံ့ဖွံ့ ပါတီထဲသို့ မ၀င်ချင်သော်လည်း ရယက ဥက္ကဌများနှင့် အာဏာရှိသူများ၏ ဖိအားပေးမူကြောင့် ကြံ့ဖွံ့ ပါတီသို့ ၀င်ရောက် နေကြသည်ဟု သူက ဆက်ပြောသည်။

“ ရွာသားတွေ အများစုကတော့ ကြံ့ဖွံ့ ပါတီကို မ၀င်ချင်ကြပါဘူး။ ဒါပေမယ့်လည်း ကြံ့ဖွံ့ အဖွဲ့ဝင်တွေ၊ ရယက အဖွဲ့ထဲက လူကြီးတွေရယ်၊ ပြည်သူ့စစ်နဲ့ မီးသတ်အဖွဲ့တွေက အားနဲ့ စည်းရုံးရေး လုပ်နေတော့ ကြောက်ပီး အဖွဲ့ထဲကို ၀င်နေကြရပါတယ်။ ရွာတစ်ရွာကို ၁၀ ယောက် ရတဲ့ ရွာတွေ ရှိသလို အယောက် ၂၀ ရတဲ့ ရွာတွေလည်း ရှိပါတယ်” ဟု ဆက်ပြောသည်။

ရွာသားများမှာ ကြံ့ဖွံ့ပါတီကို မကြိုက်ကြသည့် အပြင် အလုပ်အကိုင် ပျက်မည်ကို စိုးရိမ်သောကြောင့် ကြံ့ဖွံ့ ပါတီထဲကို မ၀င်ချင်သော်လည်း အာဏာပိုင်များ၏ ဖိအားပေးမူကြောင့် လူတကိုယ် ကျပ်ငွေ ၁၅၀၀ သွင်းကာ ကြံ့ဖွံ့ပါတီထဲကို ၀င်ရောက်နေကြရသည်။

“ ငွေ ၁၅၀၀ က ပါတီဝင်ကြေးနဲ့ ကတ်ပြားအတွက်ဆိုပီး ကောက်တာပါ။ အဲဒီငွေတွေကို သူတို့ အထက်ကို တင်ပြမလား။ ကိုယ်ကျိုးအတွက် သုံးမလား ဆိုတာကိုတော့ မသိပါဘူး။ အဖွဲ့ဝင် စာရင်းနဲ့ အတူ ပိုက်ဆံကို တပါတည်း ကောက်ယူပါတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ဒေသခံ ပြည်သူများက ရခိုင် အခြေပြု အမျိုးသားပါတီများကို မဲပေးမည် ဖြစ်ကြောင်း ဒေသအတွင်း ကျယ်ကျယ်ပြန့်ပြန့် သတင်းများ ထွက်လာပြီးနောက် ကြံ့ဖံွံ့ ပါတီက ခေါင်းဆောင်များ ကျေးလက် ဒေသအထိ ဆင်းလာပြီး ရယကများနှင့် ပူးပေါင်းကာ အဖွဲ့ဝင်သစ်များကို အတင်း စည်းရုံး သိမ်းသွင်းနေခြင်း ဖြစ်သည်။

No comments:

နေ့မှာ