မူလစာမျက်နှာ

Thursday, 16 September 2010

အကြော်များ ရေရှည်ခံ လှပရန် ရန်ကုန်မှဆိုင်တချို့က ပလပ်စတစ်များ ထည့်ကြော်ဟုဆို

အကြော်များ ရေရှည်ခံ လှပစေမည့် အန္တရာယ်ကြီးသည့် နည်းပညာတခုကို ရန်ကုန်မှ အကြော်သည်တချို့က နှစ်အတန်ကြာ အသုံးပြုလျက်ရှိသည်ဟု တနင်္လာနေ့ထုတ် MODERN TIME ဂျာနယ်တွင် ရေးထားသည်။
          “တနေကုန် ကြွပ်ရွပြီး စားလို့ကောင်းတဲ့ ရေရှည်အထားခံ အကြော်စုံကို ရရှိဖို့အတွက် အကြော်ကြော်တဲ့ ဆီပူထဲကို ရေသန့်ဗူး ပလပ်စတစ် အကြည်တွေကို ထည့်ပြီး အကြော်ဆိုင် အတော်များများက ကြော်လှော်ကြပါတယ်” ဟု ဂျာနယ်တွင် ဖော်ပြထားသည်။
          သမိုင်းလမ်းဆုံမှ နာမည်ကြီးဆိုင်တဆိုင်က ဆီပူအိုးထဲသို့ ပလပ်စတစ်ပုလင်းခွံ ၃ ပုလင်း ထည့်ကြော်ကြောင်း၊ လမ်းဘေးဆိုင်တဆိုင်က ပလပ်စတစ်အိတ် ၂ လုံး ဆီအိုးထဲ ထည့်ကြောင်း မျက်မြင်သက်သေများကို ကိုးကားပြီး ရေးထားသည်။
          အကြော်သည်တဦး၏ “ဒီလိုမျိုးလုပ်တာက သုံးလေးနှစ်လောက် ရှိပြီ။ ရောင်းတဲ့သူက များလာတော့ အပြိုင်အဆိုင် လုပ်ကြတာပေါ့” ဟူသော စကားကိုလည်း ကိုးကားထားသည်။
          ထိုသို့ ပြုလုပ်ခြင်းကြောင့် အကြော်များ ရောင်းပန်းလှပြီး ဆီစားသက်သာသည်ဟု ဆို၏။



 

No comments:

နေ့မှာ