ယင်းဆင်ဖြူမှာ ဆင်ထီးဖြစ်ပြီး စက်တင်ဘာ (၁၉) ရက်နေ့၌ မောင်တောမြို့နယ် ငါးခူရကျေးရွာအုပ်စုအနီးမှ ဖမ်းဆီးရမိကြောင်း မောင်တောသစ်တောဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
၎င်းက “အခုလောလောဆယ်တော့ ဒီမှာပဲထားပါတယ်။ ယဉ်ပါးအောင်ပေါ့။ အရင်တခေါက်ကလိုမျိုး နေပြည်တော်ကိုပဲ ယူဆောင်မယ်လို့ သိရတယ်။ ဒါဟာ ကျနော်တို့ ရခိုင်မှာတော့ နိမိတ်ကောင်းတယ်လို့ ပြောနေကြတယ်” ဟု ဆိုသည်။
အဆိုပါဆင်ဖြူကို နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေး (နစက) အဖွဲ့များ၊ သစ်တောဦးစီးဌာနတာဝန်ရှိသူများက ပူးပေါင်းဖမ်းဆီးခြင်းဖြစ်ပြီး ယခုအခါ ဆင်ဖြူကို မောင်တောမြို့နယ် ငါးခူရကျေးရွာအုပ်စုမှ သစ်တောစခန်းတွင် ယာယီ ထိန်းသိမ်းထားကြောင်း သိရသည်။
ယခုရရှိသော ဆင်ဖြူကို မကြာမီ နေပြည်တော်သို့ သယ်ဆောင်မည်ဖြစ်ကြောင်း၊ ဆင်ဖြူတော်၏ အသက်အရွယ်ကို ကျွမ်းကျင်သူများက စစ်ဆေးဆဲဖြစ်ကြောင်း သစ်တောအရာရှိတဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ (၂၆) ရက်နေ့၌ မောင်တောမြို့နယ်က ရရှိထားသော ဘဒ္ဒ၀တီ အမည်ရှိအသက် (၃၇) နှစ်အရွယ် ဆင်ဖြူကို နေပြည်တော် ရွေတိဂုံစေတီပုံတူ ဥပ္ပါတသန္တိ စေတီတော်ဝတ္တက မြေနေရာတွင် သြဂုတ်လ (၉) ရက်နေ့က အဆောင်တည်ဆောက်ကာ ထားရှိကြောင်း အစိုးရပိုင်သတင်းမီဒီယာများက ဖော်ပြသည်။
ယခုအကြိမ် ဖမ်းဆီးရမိသော ဆင်ဖြူအပါအဝင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့မှ ဖမ်ဆီးရမိသော ဆင်ဖြူ စုစုပေါင်း (၅) ကောင်ရှိပြီဖြစ်သည်။
No comments:
Post a Comment