ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ လက်ကိုင်ဖုန်း အရောင်းဆိုင်တခုတွင် တယ်လီဖုန်း SIM ကဒ် လဲလှယ်ပေးနေသော အရောင်းဝန်ထမ်းတဦး ဖြစ်ပါသည်။ ထိုင်းနိုင်ငံမှ ဂြိုဟ်တုဖုန်းနှင့် ကဒ်ဖုန်းများသည် မြန်မာနိုင်ငံရှိ အချို့ဒေသများတွင်လည်း သုံးစွဲနိုင်သည်ဟု ဆိုသည်။ (Photo: AFP)
ဂြိုဟ်တုဖုန်း အိပ်ချိန်းသမားတွေဆီကနေ မြန်မာပြည်ကို ခေါ်ဆိုတာဟာ တမိနစ်ကို ထိုင်းဘတ်ငွေ လေးဘတ်ပဲ ပေးရပြီး လကုန်မှပဲ ရှင်းရတယ်လို့ ဗန်ကောက်မှာ ကျောင်းတက်နေသူ မြန်မာကျောင်းသူတဦးက ပြောပါတယ်။
အခုအခါမှာ မွန်ပြည်နယ်ရှိ တခြားမြို့တွေက ဂြိုဟ်တုဖုန်း ကိုင်ဆောင်သူတွေနဲ့ မွန်ပြည်နယ်မှာ သုံးလို့ရတဲ့ ထိုင်းနိုင်ငံက ကတ်ဖုန်း ကိုင်ဆောင်သူတွေကိုလည်း ရဲတွေက အပူတပြင်း ရှာဖွေ ဖော်ထုတ် ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
No comments:
Post a Comment