Saturday, 11 September 2010
တရုတ်အမျိုးသားတွေအတွက် ဇနီးမယားအဖြစ် ရောင်းစားခံကြရတဲ့ အမျိုးသမီးလေးတွေရဲ့ဘဝ
တရုတ်နိုင်ငံမှာ မိသားစုတစုကို ကလေးတယောက်သာ ယူကြရမယ်ဆိုတဲ့ ကန့်သက်ချက်တွေကြောင့် သားယောကျာ်းလေးကိုပဲ တန်ဖိုးထားကြတဲ့ မိသားစုတွေ ကိုယ်ဝန်ဆောင်ကြတဲ့အခါ သန္ဓေသားဟာ မိန်းကလေးဖြစ်နေရင် ဖျက်ချကြတဲ့အတွက် တရုတ်နိုင်ငံမှာ မိန်းမရှားပါးမှုပြဿနာနဲ့ကြုံနေရပါတယ်။ အခုဆိုရင် တရုတ်အမျိုးသားတွေ ဟာ တရုတ်နိုင်ငံမှာ ဇနီးရဖို့ခက်ခဲတာကြောင့် လူကုန်ကူးသူတွေကနေတဆင့် အိမ်နီးချင်းနိုင်ငံတွေက အမျိုးသမီးလေးတွေကို ၀ယ်ယူကြတော့တာပါပဲ။ လူကုန်ကူးသူတွေ ကိုယ်တိုင်ကလည်း နည်းမျိုးစုံနဲ့ လှည့်ဖြားပြီး တရုတ်အမျိုးသမီးတွေဆီမှာ ရောင်းစားကြပါတယ်။ ဒီလို ရောင်းစားခံကြရသူတွေထဲမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေအကြောင်း ရောင်းစားခံရတဲ့ အမျိုးသမီးလေးတွေရဲ့ ပြောပြချက်တွေကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment