မူလစာမျက်နှာ

Friday, 17 September 2010

မကွေးသတင်းထောက် ပြန်လွတ်ပြီ

မကွေးမြို့ ရေကြီးသတင်း ဓာတ်ပုံရိုက်သော Weekly Eleven သတင်းထောက် ကိုအောင်သူငြိမ်းကို ရဲက နှစ်ရက်ကြာ ထိန်းသိမ်းထားပြီးနောက် သောကြာနေ့ နံနက်တွင် ပြန်လွှတ်ပေးလိုက်သည်။

ယခုလ ၁၅ ရက်နေ့ကတည်းက မကွေးမြို့ အမှတ် ၁ ရဲစခန်းရှိ မြို့နယ်မှူး ရုံးတွင် ထိန်းသိမ်းခံထားရသော သတင်းထောက်ကို ယနေ့ နံနက် ၁ဝ နာရီခန့်တွင်  ပြန်လွှတ်လိုက်ကြောင်း ဂျာနယ် ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

“ညှိနှိုင်း ဖြေရှင်းပေးတဲ့အတွက် ကျနော်တို့
eleven
ထိန်းသိမ်းခံထားရသော သတင်းထောက်ကို ယနေ့ ၁ဝ နာရီခန့်တွင် ပြန်လွှတ်လိုက်ကြောင်း ဂျာနယ် ဝဘ်ဆိုဒ်တွင် ဖော်ပြ
သတင်းထောက် ပြန်လွတ်လာပါပြီ။ ဘာခံဝန်လက်မှတ် မထိုးခဲ့ရပါဘူး” ဟု တာဝန်ခံ အယ်ဒီတာ ကိုဝေဖြိုး၏ ပြောကြားချက် ဝက်ဆိုဒ်တွင် ပါရှိသည်။

ကိုအောင်သူငြိမ်းမှာ ယခုအခါ မကွေးမြို့၌ပင် ရှိနေပြီး၊ အခြေအနေ အသေးစိတ်ကို မသိရသေးဘဲ သတင်းဖော်ပြထားသည့် အခြေအနေလောက်သာ သိရသေးကြောင်း ကိုဝေဖြိုးက မဇ္ဈိမကို ပြောသည်။

မကွေးမြို့တွင် ၁၃ ရက် ညနေက မိုးကြီးရေလျှံရာ သတင်းထောက်သစ်က ဓာတ်ပုံလိုက်ရိုက်စဉ် ရဲနှင့်တွေ့ပြီး ကင်မရာကို သိမ်းသွားပြီး နောက်နေ့တွင် မြို့နယ်မှူး ရုံးသို့ လာရောက်ရန် ပြောခဲ့သည်။ ထို့နောက် နောက်နောင် မလုပ်တော့ပါဘူးဆိုသော ခံဝန်ချက်မထိုး၍ ရဲက ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

No comments:

နေ့မှာ