အဆိုပါ ကားမောင်းပြိုင်ပွဲကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှ စတင် တာထွက်မည် ဖြစ်ပြီး မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ကို ဖြတ်ကာ အိန္ဒိယ နိုင်ငံ ကာလကတ္တားမြို့တွင် အဆုံးသတ်မည်ဟု သိရသည်။
ဘင်္ဂလာဒေခ်ျ့ ဆက်သွယ်ရေး ၀န်ကြီး ဆာယေ အဘူဟူစိန်က အဆိုပါ ကားပြိုင်ပွဲ ပြုလုပ်မည်ကို စက်တင်္ဘာလ ၁၄ ရက်နေ့က ထုတ်ဖေါ်ပြောကြားသည်။
“ ဒေသအတွင်း ဆက်ဆံရေးကို တိုးမြှင့်ရေးနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မူ ခိုင်မာ လာရေး တို့ကို ရည်ရွယ်ပြီး ခုကားပြိုင်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ပြုလုပ်ဖို့ အတွက် ကျွန်တော်တို့ အပြီးသတ် ဆွေးနွေးပြီးပြီ ဖြစ်ပါတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့တဖွဲ့နှင့် ဒက္ကားမြို့တော်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ထိုသို့ ၀န်ကြီးက ထုတ်ဖေါ် ပြေကြားလိုက်ခြင်း ဖြစ်သည်။
သို့သော် မည်သည့် နေရက်တွင် စတင် ကျင်းပမည် ဖြစ်ပြီး မည်သည့် လမ်းကြောင်းကို အသုံးပြုမည် ဆိုသည့် အသေးစိတ် အချက်အလက်များကိုမူ အဆိုပါ ၀န်ကြီးက ထုတ်ဖေါ် ပြောဆိုခြင်း မရှိကြောင်း သိရသည်။
သို့သော်လည်း အဆိုပါ ကားပြိုင်ပွဲကို လာမည့်နှစ် ခြောက်သွေ့ရာသီတွင် စတင်နိုင်ကြောင်း လေ့လာ သုံးသပ်သူများက ပြောဆိုသည်။
No comments:
Post a Comment