အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ကတ် ကင်းဘဲလ်။ (Photo: AFP)
ရွေးကောက်ပွဲအပြီး မြန်မာပြည်မှာ လူသစ်တွေ၊ ပုံစံအသစ်တွေ၊ လုပ်ပိုင်ခွင့်အာဏာ ကူးလူးဆက်ဆံမှု အသစ်တွေ ပေါ်ပေါက်လာနိုင်ပါတယ်၊ ဖြစ်ပေါ်လာမဲ့အနေအထားတွေကို စောင့်ကြည့်ဖို့ လိုပါတယ်၊ မြန်မာပြည်ရဲ့ နိုင်ငံရေး တိုးတက်မှုတွေအပေါ် မူတည်ပြီး ဆုပေး ဒဏ်ပေးစနစ်ကို တပြိုင်နက် ကျင့်သုံးဖို့ အဆင်သင့်ပါပဲလို့လည်း မစ္စတာ ကတ် ကင်းဘဲလ်က ပြောပါတယ်။
အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ဖို့ မြန်မာစစ်အစိုးရကို ဖျောင်းဖျရေး၊ မြောက်ကိုရီးယားနဲ့ နျူကလီယား ဆက်ဆံရေး အခြေအနေကို ရှင်းရှင်း လင်းလင်း သိရှိရေးတွေအပေါ် အဓိကထားခဲ့ပါတယ်။ ဒါပေမဲ့စစ်အစိုးရက ဘာမှ လိုက်လျောပဲ နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင် ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။
No comments:
Post a Comment