မူလစာမျက်နှာ

Sunday, 15 April 2012

ဒုတိယသင်္ကြန်အကြတ်နေ့တွင် ၈၈ သံချပ်အဖွဲ့ ၇ နေရာတွင်ဖျော်ဖြေမည်။





 
၈၈ မျိုးဆက်သံချပ်အဖွဲ့ဟာ ယနေ့ ဒုတိယသင်္ကြန်အကြတ်နေ့တွင်လည်း ၄င်းတို့အားဖိတ်ကြားထား သည့် နေရာမဏ္ဍပ်များသို့ သွားရောက်ဖျော်ဖြေခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ရန်ကင်းစင်တာတွင် နံနက် ၁၀ နာရီက ဖျော်ဖြေခဲ့ကာ ၁၂ နာရီအချိန်တွင် ဖဆပလ ရပ်ကွက်(city mart) ရှေ့တွင်ဖျော်ဖြေခဲ့ရာ လူအများသဘောကျနှစ်ခြိုက်ခဲ့ကြသည်။ ၄င်းတို့သည် မွန်းလွဲ ၂ နာရီတွင် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ မဏ္ဍပ်တွင်ဖျော်ဖြေသွားမည်ဖြစ်သည်။ ဆက်လက်ပြီး ညနေ ၅နာရီတွင် ဗိုလ်ချုပ်ရွာ(သန်လျင်)သို့သွားဖျော်ဖြေမည်ဖြစ်ကာ ည ၇နာရီအချိန်တွင် ၄၆ လမ်း (ဗိုလ်ချုပ်လမ်းပေါ်) နှင့် ၈နာရီခွဲအချိန်တွင် ၁၈လမ်းနှင့် မဟာဗန္ဓုလလမ်းပေါ်ရှိ ရွှေငါးမောင်မောင် မဏ္ဍပ်များတွင်ဖျော်ဖြေသွားမည်ဖြစ်သည်။
Source:FB

No comments:

နေ့မှာ