မူလစာမျက်နှာ

Wednesday 9 May 2012

ဂျီဖုန်း အင်တာနက်သုံးခ လျှော့ချ

ရန်ကုန်၊ မေ ၇
WCDMA ဖုန်းနှင့် CDMAဖုန်းများမှလွဲ၍ ဂျီဖုန်းများ အင်တာနက်သုံးစွဲခ ထက်ဝက်နှုန်းလျှော့ချပေးလိုက်ပြီ
ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ သိရသည်။
ယခင်က မိုဘိုင်းဖုန်းများအား အင်တာနက်သုံးစွဲခကို တစ်မိနစ် ၄ ကျပ်နှုန်းကောက်ခံခဲ့ရာမှ တစ်မိနစ် ၂ ကျပ်နှုန်းသို့ လျှော့ချခဲ့သည်။ ၄င်းအင်တာနက်လိုင်းများအတွက် မြန်နှုန်းမှာ 64 kbps သာ ပေးထား ခဲ့ကြောင်း သိရသည်။
''ဈေးနှုန်းလျှော့ချပေးလိုက် ပေမယ့် မြန်နှုန်းတော့ ကွာခြားသွား မှာပါ။ တစ်မိနစ် ၄ ကျပ်နှုန်း ကောက်ခံတဲ့ဖုန်းတွေကတော့ မြန် နှုန်းကောင်းကောင်း အသုံးပြုလို့ ရမှာ ပါ'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှအင်ဂျင်နီယာချုပ် တစ်ဦး က ပြောသည်။
လက်ရှိတွင် မိုဘိုင်းဖုန်းများ အင်တာနက်အသုံးပြုခွင့်ကို မေလ ၇ ရက်နေ့တွင် စတင်လျှောက်ထား ခွင့်ပြုခဲ့ရာ ယင်းသို့ လျှောက်ထား ခွင့်ပြုရာ၌ ငါးသိန်း တန် CDMA 450 MHz ဖုန်းမှလွဲ၍ ကျန်ရှိသည့် မိုဘိုင်း ဖုန်းအားလုံး လျှောက် ထား ခွင့်ပေး ထားခဲ့ပြီး လျှောက်ထားခအဖြစ် ကျပ်တစ်သောင်းေ ကာက် ခံခဲ့ကြောင်း သိရသည်။
ပြည်တွင်း၌ အင်တာနက် အ သုံးပြုခွင့် ပေးထားသည့် မိုဘိုင်းဖုန်း များမှာ ဂျီဖုန်းများကိုEDGEစနစ် ဖြင့်လည်းကောင်း၊WCDMA ကို 3G စနစ်ဖြင့် လည်းကောင်း၊ CDMA 800 MHzကို EVDO စနစ် ဖြင့်လည်းကောင်း ပေးထားကြောင်း သိရသည်။
''နယ်မြို့တွေကိုလည်း အင် တာနက်သုံးစွဲခွင့်ပေးဖို့ စီစဉ်ထားပါ တယ်။ ရန်ကုန်နဲ့ သိပ်ပြီး ကွာမှာ မဟုတ်ပါဘူး။ ပေးတဲ့အခါမှာလည်း ရန်ကုန်မှာ ပေးတဲ့ ပုံစံအတိုင်းပဲ ပေး မှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။
လက်ရှိတွင် ရန်ကုန်၌ အင် တာနက်စနစ်လျှောက်ထားခွင့်ပြုထား သည့်နေရာ များမှာ ရွှေဂုံတိုင်ဆက် သွယ်ရေးရုံး၊ အလုံဆက်သွယ်ရေး ရုံးတို့တွင် စတင် လျှောက်ထား ခွင့် ပေးထားပြီး ၄င်းဖုန်းများရောင်းချ ခွင့်ပေးထားသည့် ကုမ္ပဏီများနှင့် ပန်းဆိုးတန်းဆက်သွယ်ရေးရုံး၊ လမ်း ၄ဝ အော်တိုတယ်လီ ဖုန်းရုံး၊ ရွှေဂုံ တိုင်မိုဘိုင်းအိတ်ချိန်းရုံးတို့တွင်လည်း ဆက်လက်လျှောက်ခွင့် ပေးထားမည်ဟု သိရသည်။
ယင်းသို့ ဖုန်းများအင်တာနက် လျှောက်ထားရာ၌ ဆက်သွယ်ရေး ရုံးများတွင် ၃ ရက်မျှအချိန်ကြာ မည်ဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီတွင် လျှောက်ထားခွင့်ပေးပါ က နေ့ချင်း ပြီးရရှိမည်ဖြစ်ကြောင်း၊ လက်ရှိတွင်WCDMA နှင့် ဂျီဖုန်းများသာ လျှောက်ထားနိုင်ပြီး CDMA 800 MHzဖုန်းမှာ လျှောက်ထားခွင့်ပေး မည် ထုတ်ပြန် ထားသော်လည်း လက်ရှိတွင် လိုင်းပြည့်နေ၍ လျှောက်ထားခွင့် ယာယီရပ်ဆိုင်း ထားကြောင်း ဆက်သွယ်ရေးမှသိ ရသည်။မိုဘိုင်းဖုန်းများ အင်တာနက် စတင်သုံးစွဲခွင့်ပေးထားခြင်းကို ၂ဝ၁၁ ဇန်နဝါရီလတွင် CDMA 800 MHz ဖုန်းအားလည်းကောင်း၊ ဂျီဖုန်းများ ကို ၂ဝ၁၂ သြဂုတ်လ တွင် လည်း ကောင်း သုံးစွဲခွင့်ပေးခဲ့သည်။
Source:FB

No comments:

နေ့မှာ