မူလစာမျက်နှာ

Wednesday 9 May 2012

ပြည်ပတင်သွင်းကားများ ဆိပ်ကမ်း၌ စုပုံနေ

နေပြည်တော်၊ မေ ၇
ပြည်ပမှ တရားဝင် တင်သွင်းလာသည့် မော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်း တွင် စာရွက်စာတမ်းများ၊ အချက်အလက်များ ခိုင်လုံမှုမရှိခြင်းကြောင့် လချီထုတ်ယူခွင့်မရခြင်းများရှိေ
နကြောင်း သိရသည်။
''လက်ရှိ အနေအထားအရ ဆိပ်ကမ်းတွေမှာ ကားအစီးရေများ နေတာမှန် ပါတယ်။ စိစစ်တဲ့ နေရာ မှာ ဆိပ်ကမ်းအားလုံးမှာ ကားစီးရေ ၆၁၃၅ စီးရှိနေပါတယ်။ ကြန့်ကြာ ရတဲ့ အခြေအနေတွေက အများကြီး ပါပဲ''ဟု စီးပွားကူးသန်းဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက မေ ၇ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ဖြေ ကြားသည်။
ထိုသို့ ဆိပ်ကမ်းတွင် ကားများ စုပုံနေရခြင်းမှာ အရောင်းစင်တာ များမှ တင်သွင်းလာသော ကားများ လာရောက် မထုတ်ယူ ကြခြင်း ကြောင့်လည်း ဖြစ်ကြောင်း သိရ သည်။
မော်တော်ယာဉ်များနှင့် ပတ် သက်၍ လာရောက်မထုတ်ယူရသေး သော စာရင်းဖိုင် ၄၅၄ ဖိုင်ရှိပြီး အချို့ဖိုင်များတွင် တစ်ဖိုင်တည်း အစီး ၃ဝ မှ ၄ဝ ရှိနေကြောင်း သိရ သည်။
ထို့ပြင် သင်္ကြန်အပြီးမြန်မာ့ ဆိပ်ကမ်းများသို့ ကားတင်သင်္ဘော ၈ စီးခန့် ရောက်လာခဲ့ကာ သင်္ဘော တစ်စီးလျှင် ကားစီးရေ ၄ဝဝ ကျော် မှ ၁ဝဝဝ ကျော်ထိပါဝင်ကြောင်း၊ ယခင်ရှိရင်းစွဲလက်ကျန်ကားများနှင့် ထပ်မံေ ရာက်ရှိ လာသော ကားများ ဆိပ်ကမ်း၌စုပြုံနေကြောင်းသိရသည်
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ဆိပ်ကမ်းရောက်ကားများ လျင်မြန် စွာ ရှင်းထုတ်ပေးနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိနေသည်ဟု ယင်းဌာနမှ တာဝန်ရှိပုဂ္ဂိုလ်က ဆို သည်။
Source:FB

No comments:

နေ့မှာ