မူလစာမျက်နှာ

Monday 30 April 2012

"ဇနီးဖြစ်သူရဲ့မွေးနေ့ပွဲကို အံ့သြသွားအောင်ပြုလုပ်ပေးပြီး ကိုယ်တိုင်မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးထားတဲ့ ပြေတီဦး"

Source:FB
ပြင်ဦးလွင်မှာ ဇာတ်ကား ရိုက်ကူးဖို့အတွက် ပြေတီဦးတို့ မိသားစုရောက် ရှိနေခဲ့ပါတယ်။ ပြေတီဦးက ဧပြီ ၂၄ရက်နေ့မှာ ကျရောက်တဲ့ ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင် ရဲ့ မွေးနေ့ ကို ရိုက်ကွင်းပေါ်က အနုပညာမောင်နှမတွေ နဲ့ တိုင်ပင်ပြီး အိန္ဒြာကျော်ဇင်အံ့သြသွား အောင်ပြုလုပ်ခဲ့ တဲ့အကြောင်းကို ပြေတီဦးက.. “ဧပြီ ၂၃ရက်ညက အစ်ကိုရိုက်ကွင်း ရှိတယ်။ ဦးမျိုးမင်း နဲ့ ရိုက်နေတာဆိုတော့ ဦးမျိုးမင်းနဲ့တိုင်ပင် လိုက်တယ်။ ဒီနေ့ည ၁၂နာရီကျော် ရင် အူဝဲမွေးနေ့ဆိုတော့ ကျွန်တော် surprise သွားလုပ်ပြီး birthday wish လုပ်ချင်တယ်။ စီစဉ်ကြမယ်ဆိုပြီး မွေးနေ့ကိတ်မုန့်တွေ၊ ရှူးဒိုင်းဖောက်တဲ့ ဟာတွေဝယ်တယ်။ လူတွေကအများကြီးပဲ။ ဦးမျိုးမင်း ပါတယ်။ ကိုဇော် (အရုဏ်ဦး)နဲ့ မသီတာ နဲ့ပါတယ်။ ဟက်ကက်၊ ကောင်းပြည့်၊ ရွှေမှုန်ရတီတို့နဲ့ စက်အဖွဲ့တွေလည်းပါတယ်။ ည၁၁နာရီလောက် ကတည်းက လူတွေ အကုန်စုထားကြတယ်။ အူဝဲကိုတော့ ရှုတင်ရှိတယ်။ ဇာတ်ကားရိုက်နေတယ် ပဲပြောထားတယ်။ အဲဒီလူတွေ အားလုံးကလည်း ညဘက် ဗိုက်ဆာတယ် ဆိုတော့ မြို့ထဲမှာ ဆိတ်စွပ်ပြုတ်သွားကျွေးတယ်။ ည ၁၂ထိုးခါနီးကျမှ ဟိုတယ်ကိုပြန်လာကြတယ်။ တိုးတိုးတိတ် တိတ်ပြန်လာကြတာပေါ့။ ညမှောင်ကြီး မည်းကြီးထဲမှာ ချော်လဲတဲ့လူက ချော်လဲတယ်။ ဝရုန်းသုန်း ကားတွေ ဖြစ် နေတာပေါ့။ အခန်းတံခါးခေါက်ကြတယ်။ အူဝဲထွက်လာတော့မှ အကုန်လုံး ဟက်ပီးဘတ်ဒေးဆိုပြီး ဂစ်တာတီး၊ သီချင်း ဆိုကြတယ်။ တအားပျော်ဖို့ ကောင်းတယ်”လို့ ပြောပြီး ဗီဒီယိုရိုက်ကူးပြီး မှတ်တမ်းတင် ထားတဲ့ အကြောင်းလည်းပြောပြပါတယ်။ မွေးနေ့ရက်မှာ ပြေတီဦး ရော၊ အိန္ဒြာ ကျော်ဇင်ရော နှစ်ယောက်စလုံးရှုတင်ရှိတဲ့ အတွက် တစ်နေ့လုံး ရိုက်ကွင်းမှာပဲ ရှိနေပြီး ညနေမှာတော့ ရိုက်ကွင်းက စောစောပြန်ပြီး သမီးလေးနဲ့အတူ မိသားစုနဲ့မဟာ အံ့ထူးကံသာ ဘုရားသွားကာ ကုသိုလ် ကောင်းမှု တွေ လုပ်ရင်း ဖြတ်သန်းခဲ့ကြောင်း ပြောပါတယ်။ မွေးနေ့ လက်ဆောင်ကိုတော့ ပြင်ဦးလွင်က ပြန်လာမှပဲ အိန္ဒြာ ကျော်ဇင်လိုချင်တဲ့ ပိုက်ဆံအိတ်ကို အပန်းဖြေ နိုင်ငံခြား သွားရင်းနဲ့ ဝယ်ပေးမှာဖြစ်တဲ့အတွက် ၂ ရက်၊ ၃ရက် လောက်ပဲကြာမှာ ဖြစ်ကြောင်း ပြေတီဦးက ပြောပါတယ်။ သမီးလေး ပြေသုဒြာက အခုဆိုရင် ၆လခွဲရှိပြီ ဖြစ်ပြီး အိုက်တင်တွေလည်း မျိုးစုံလုပ်တတ်နေပြီလို့ ဆိုပါတယ်။ သမီးကို ခရီးခေါ်သွားတာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ရှုတင်ပြီးတာနဲ့ သမီး အနားမှာပဲနေဖြစ်ကြောင်း ပြေတီဦး က ပြောပါတယ်။

No comments:

နေ့မှာ