မူလစာမျက်နှာ

Monday 20 December 2010

ခြောက်ပွဲ အာရုံ

ပုံ - The Bloom မဂ္ဂဇင်း မျက်နှာဖုံး

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ မင်္ဂလာပွဲ အစီအစဉ် ခြောက်ခုကို ခြောက်နေရာမှာ ကျင်းပမယ်လို့ အလဲဗင်း သတင်းဝက်ဘ်ဆိုဒ်မှာ ဖတ်လိုက်ရပါတယ်။

စပွန်ဆာတွေ အပြည့်ပေးထားတဲ့အတွက် အခုလို ဘုံးဘောလအော ပွဲတွေ လုပ်တယ်လို့ သိရပါတယ်။ အပြန်အလှန် လုပ်စားကြမယ့်ပွဲလို့ အလဲဗင်းမှာ ကိုးကားဝေဖန်ချက် ဖော်ပြထားပါတယ်။


အရေးကြီး သတင်းတွေကိုတောင် နပ်မှန် မလွှင့်တဲ့ MRTV 4 ကလည်း Live တိုက်ရိုက် လွှင့်မယ်လို့ ဆိုပါတယ်။

ပန်းကန်ပြားပျံတွေ့လိုက်တယ် ဆိုတာမျိုးတွေ၊ အခုလို MRTV 4 ကပါ မင်္ဂလာဆောင် ၆ ခုလုံးကို အပိုင်းလိုက် Live ပြဖို့ စီစဉ်နေတာတွေဟာ လူထုကို အာရုံပြောင်းဖို့ ကြံဖန်ကြဖူးတဲ့ ဦးခင်ညွန့် ထောက်လှမ်းရေး ခေတ်က အကွက်တွေကို သွားမြင်မိပါတယ်။


အခုလည်း အဲဒီအကွက်တွေ ဖမ်းနေသလားလို့ စဉ်းစားမိပါတယ်။ အလဲဗင်းမှာ ပရိသတ်တဦးကတော့ ကိုယ့်ဒုက္ခနဲ့ကိုယ်မို့ သူများပျော်တိုင်း လိုက်မပျော်နိုင်ပါဘူးလို့ ပြောထားပါတယ်။

No comments:

နေ့မှာ