မူလစာမျက်နှာ

Wednesday 9 May 2012

ကချင်စစ်ပြေး ဒုက္ခသည်စခန်းများ မိုးတွင်းကာလ နေထိုင်ရန် အမိုးအကာ မလုံလောက်

ကချင်ပြည်နယ် စစ်ဘေးရှောင်စခန်းများတွင် ကုလသမဂ္ဂ မှဝင်၍ စားနပ်ရိက္ခာ အကူအညီပေးသော်လည်း မိုးစတင် ရွာသွန်းနေပြီဖြစ်သော ကြောင့် အမိုးအကာများ လိုအပ်နေ ကြောင်း အဖြူရောင်တွဲလက်များ လူမှုရေးအဖွဲ့မှ သိရသည်။
''UNဝင်လာလို့ အကူ အညီ ပေးစရာမလိုတော့ဘူးလို့ တခြားအဖွဲ့အစည်း တွေက ထင်နေကြတယ်။ ဒါပေမဲ့UNကလည်း သူ့ဆီမှာ စာရင်းပေါက် ပြီးသား လူဦးရေကိုပဲ ထောက်ပံ့ တော့လိုအပ်ချက်တွေအများကြီး ရှိနေတုန်းပဲ'' ဟု ထိုဒေသများမှ ပြန်လာသူ မဇင်မာအောင်က ပြောသည်။
စစ်ပွဲများဖြစ်ပွားနေသော ကြောင့် စခန်းများတွင် လူဦးရေ ပိုမိုတိုးလာ သည့် အပြင် ထိုဒေသ တွင် မိုးစတင်ရွာသွန်းနေသော ကြောင့် လူနေစခန်းများ တွင် shulter များလိုအပ်နေပြီး ရေ ရှားပါးမှုပြဿနာများ ကြုံတွေ့ နေရကြောင်း သိရသည်။
စစ်ဘေးရှောင် စခန်းများ အနက် မန့်ဝိုင်းကြီး စခန်းသာ လျှင် အမိုးအကာ အစုံအလင်ဖြင့် လုံခြုံမှုရှိပြီး ကျန်စခန်းများမှာ မိုးလေလုံခြုံမှု မရှိကြောင်း သိရ သည်။
ကုလသမဂ္ဂမှ ထောက်ပံ့မှု သည် ၄င်းတို့တွင် ရှိသော စာရင်း ရှိလူများကိုသာ ဆန်၊ ဆီ၊ ဆား ထောက်ပံ့ပေးမှုများ ရှိကြောင်း၊ 'ရန်လုံ'စခန်းရှိ စားနပ်ရိက္ခာ ကိုမူ ကရုဏာဖောင်ဒေးရှင်းမှထောက် ပံ့ပေးလျက်ရှိကြောင်း အဖြူ ရောင်တွဲ လက် များအဖွဲ့ ထံမှ သိရသည်။
''ဖြစ်နိုင်ရင် တခြားတတ် နိုင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ မိုးမရွာခင် ဒီမေထဲ မှာပဲ သွားလှူ စေချင်တယ်။ စစ်ပွဲတွေက ကြိုးကြားကြိုးကြား ဖြစ်နေတုန်း ပဲဆိုတော့ လူဦးရေကပိုတိုးလာ တယ်။ နေရတာက မိုးမလုံလေ မလုံနဲ့၊ နေစရာ၊ ထိုင်စရာတွေ က အခက်အခဲဖြစ်နေပြီ''ဟု မဇင်မာအောင်က ပြောသည်။
အဖြူရောင်တွဲလက်များမှ လှူဒါန်းခဲ့ရသည်မှာလည်း ဆင့်ပါးစပ် နှမ်းပက်ရုံ လောက် သာလျှင်တတ်နိုင်ခဲ့ကြောင်း၊ လူအယောက် ၃ဝ နေထိုင်နိုင် ရန် အတွက် ကျပ် ငွေ ၁၅ သိန်း ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
စစ်ဘေး ရှောင်သူများ သည် စစ်ပွဲပြီးတော့မည်ဟူ သော မျှော်လင့်ချက်နှင့် မိုးတွင်း ကာလအတွက် နေရာထိုင်ခင်း များကို ပြင်ဆင်ခြင်းမရှိ ခဲ့သော ကြောင့် ယခုအခါတွင် အခက် အခဲများ တွေ့နေကြောင်းသိရ သည်။
အဖြူရောင်တွဲလက်များ အဖွဲ့မှ သွားရောက်ခဲ့သော စခန်း ၅ ခုတွင် လူဦးရေ စုစုပေါင်း သုံးထောင်ကျော်ခန့် ရှိကြောင်း သိရသည်။

Source:FB

No comments:

နေ့မှာ