မူလစာမျက်နှာ

Sunday 18 March 2012

"ခိုးကူး ပပျောက်ရေးလည်း ဖြစ်စေချင်တယ် ဆိုတဲ့ စကားက ရုပ်ရှင်လောကသားတွေ အတွက် အကယ်ဒမီ စင်မြင့်ပေါ်မှာ အရဲစွန့်ပြီး ပြောလိုက်တာပါ"

 Source:FB
၂ဝ၁ဝ ပြည့်နှစ် အတွက် အကယ်ဒမီ ရွှေစင်ရုပ်တု ရရှိခဲ့တဲ့ ဝေဠုကျော်က အကယ်ဒမီ စင်မြင့်ထက်မှာ ကျေးဇူးတင် စကားပြောရင်း ဗီဒီယိုလောက အတွက် ကောင်းအောင် ကြိုးစားသွားမှာဖြစ်သလို ခိုးကူးပပျောက်ရေးလည်း ဖြစ်စေချင်တယ်လို့ ဆိုခဲ့ပါတယ်။ အခုချိန်မှာ ခိုးကူး ပပျောက်ရေး အတွက်လည်း ဆောင်ရွက်နေကြပြီ ဖြစ်တဲ့ အ တွက် ဝေဠုကျော်ကို မေးကြည့်တော့ ”ကျွန်တော် ပြောလိုက်တာ ထိရောက်တယ် ဆိုရင်တော့ ကောင်းတာပေါ့။ ဒီစကားက ကျွန်တော်က ကိုယ့်လောက သားတွေ အတွက် စင်ပေါ်က အရဲစွန့်ပြီး ပြောတာပါ။ စင်ပေါ်မှာပြောရတာက မဆိုင် တဲ့အကြောင်း အရာ တစ်ခုကို ပြောသလိုပါပဲ။ အကယ်ဒမီအတွက် ကျေးဇူးတင်စကားပြော တဲ့နေရာမှာ ကိုယ့်လောကသားတွေရဲ့ အဖြစ်ချင်ဆုံးဆန္ဒကို ထည့်ပြောလိုက်တာပါ။ အဲဒီအတွက် အရာထင်လာတယ် ဆိုရင် ဝမ်းသာ ကြည်နူးရပါတယ်။ ဒီလောကသားတွေ အတွက် စကားကို အကယ်ဒမီ စင်မြင့်ထက်မှာ ပြောဖို့အတွက် ဘယ်လို တွန်းအား၊ ခွန်အားတွေ ရရှိခဲ့လဲလို့ မေးတော့ ”ဒါကတော့ ကျွန်တော့် ရင်ထဲမှာ နဂိုက တည်းက ရှိနေပြီးသားပါ။ သူတို့လည်း တတ်နိုင်တဲ့ နေရာကနေ လှုပ်ရှားနေပြီးသားပါ။ ဘာပဲဖြစ်ဖြစ် လူကြီးတွေ အမြင်စောင်းသည်၊ မစောင်းသည် မသိ။ ကျွန်တော့် လောကသားတွေ အတွက် ကျွန်တော် နဲ့အတူတူ အလုပ်လုပ်နေကြတဲ့ ကိုဇင်ဝိုင်း၊ ဝိုင်း၊ ကိုမျိုးမင်း တို့နဲ့အတူ ကျွန်တော် တို့ တစ်စိတ်တည်း၊ တစ်ဝမ်းတည်း၊ တစ်သွေးတည်း ဒီလောကကြီး ကောင်းအောင် လုပ်ကြမယ် ဆိုတဲ့ စိတ်ကြောင့် ကျွန်တော် ပြောဖြစ်သွားတာပါ” လို့ ပြောပါတယ်။

No comments:

နေ့မှာ