မြန်မာ့ရိုးရာ မဟာသင်္ကြန် မင်္ဂလာရက်မြတ် အချိန်ကာလသို့ ရောက်ရှိလာ ပေတော့မည်။ ဤ အခါသမယ အချိန်သည်ကား မြန်မာလူမျိုး တို့၏ ရိုးရာဓလေ့ အစဉ်အလာ များ မှ ထူးခြားသည့် အမှတ်အသား သင်္ကေတ တစ်ခုပင် ဖြစ်သည်။ ထို့အတူ မဟာသင်္ကြန် အခါသမယနှင့် လိုက်လျော ညီထွေ မပါမဖြစ် ရှိခဲ့သည့် သံချပ်အဖွဲ့တို့ကား တစ်ခေတ် တစ်ခါက အတူယှဉ်တွဲ ရှိခဲ့ကြသည်မှာ ဧကန်ပင်။ ‘သံချပ်’သည် မြန်မာ လူမျိုးများ၏ အသည်းနှလုံးကို လှုပ်ခတ် ဖမ်းစားခဲ့သည်မှာ တစ်ခေတ် တစ်ခါ က ဖြတ်သန်းခဲ့ကြဖူး သူများ အမှတ်ရရ အနှစ်သာရ ရှိရှိ ပြောကြဆို ကြမည် ဖြစ်ပေသည်။ သင်္ကြန် မင်းသားကြီးဟု အမည်နာမတွင် ရစ်ခဲ့သည့် ဂီတ စာဆို မောင်ကြေးမုံ ၏ ‘ဒိုးဒိုးဒေါက်ဒေါက် ဘုနဲ့ ဘောက်’ အမည်ရှိ သံချပ်စီးရီး တိပ်ခွေသည် လည်း သင်္ကြန် နှင့် သံချပ် ခွဲမရ တွဲစပ်စွာ အနှစ် သာရ ပုံဖော်မှုကို လှစ် ဆိုပြခဲ့သည်က လွမ်းမော ဖွယ်ရာ ဖြစ်ပေရော့မည်။ ထို့ကြောင့် ‘သံချပ်’နှင့် ပတ်သက်၍ အမှတ်တရ များစွာကို ရင်ဖွင့်ခဲ့ ကြသည့် အနုပညာရှင် များ၏ စကားသံများ အား ပေါ်ပြူလာ ဂျာနယ်မှ စုစည်း တင်ဆက် လိုက်ပါသည်။
ကိုယ့်ကျင့်တရား တွေက ဘယ်နေရာမှာ ပျက်ပြားနေတယ်၊ ပြန်ကောင်းအောင် အတာရေနဲ့ ဆေး ကြောကြမယ် . . .
မေတ္တာ
“သံချပ်မှာ ရှိတဲ့ သံချပ်က နေခြင်း၊ ထိုင်ခြင်းဆိုတဲ့ လူနေမှု အဆင့်အတန်း လေးကို ဘယ်နေရာလေးမှာ ဘယ်လိုမျိုး နိမ့်ကျနေတယ်။ ဒါကို မြင့်အောင် ဘယ် လိုလုပ် ရင် ကောင်းမယ်၊ ကိုယ့်ကျင့်တရား တွေက ဘယ်နေရာမှာ ပျက်ပြားနေတယ်၊ ပြန်ကောင်းအောင် အတာရေနဲ့ ဆေး ကြောကြမယ်၊ အဲဒီ သဘောတွေနဲ့ သံချပ် ထဲ မှာ ပြောကြ ဆိုကြတယ်။ အဲဒီခေတ် အခါတုန်းက အပြု သဘောလေးတွေကို တော်တော်လေး လက်ခံကြတယ်၊ နေရာ တော်တော် များများ မှားလည်း မဏ္ဍပ် တွေ ရှိကြ တယ်။ အဲဒါတွေက ဘာကြောင့် ရှိလဲ ဆိုရင် ရိုးရာ ယဉ်ကျေးမှုကို ချစ်တော့ ဆုပေး မဏ္ဍပ်တွေ အများကြီး ရှိတယ်၊ အဲဒီ မဏ္ဍပ်တွေမှာ ဝင်ရောက် ယှဉ်ပြိုင်ကြတယ်၊ အရင်ပြိုင်ပွဲ တွေတုန်းက ဒိုင်းဆု တွေပေးကြတယ်။ နောက်ပိုင်း ဘုရားဆင်း တုတွေပေးကြတယ်၊ ငွေကြေးတွေလည်း ချီမြှင့်ကြတယ်၊ တစ်ဆင့်ပြီး တစ်ဆင့် သင်္ကြန်က အဆင့်မြင့် လာတယ်၊ ၁၉၈၇ လောက်ထိ ဖြစ်လာတယ်၊ အဲဒီနောက်ပိုင်း မလုပ်ဖြစ်ကြဘူး၊ နှစ်ပေါင်း မြောက်မြားစွာ ပျောက်ကွယ် သွားခဲ့တယ်။ ဒီဘက် ခေတ် လူငယ်တွေ မသိကြတာ များတယ်။ ရှေးတုန်း ကတည်းက ရှိလာခဲ့တဲ့ သံချပ် အစဉ်အလာတွေ ကို ထိန်းသိမ်းခဲ့ ကြတယ်။ ဒီဘက်ခေတ်မှာ ပျောက်သွားတဲ့ အခါ ကျတော့ ယဉ်ကျေးမှု တစ်ခုမှာ သံချပ်၊ သံဆန်း၊ အက၊ အလှ သဘာဝဆိုတဲ့ ဟာတွေ မရှိတော့ဘူး၊ ပြန်ပြီး ဖြစ်ပေါ်လာ စေချင်တယ်။ အခုဆိုရင် ဒီနှစ်မှာ သံချပ် တွေ ပြန်ထွက်ဖို့ စီစဉ် ထားတယ်။ ထိခိုက် စော်ကားတာ မပါဘဲနဲ့ မြန်မာရိုးရာ ယဉ်ကျေးမှု သင်္ကြန်မှာ သံချပ်တွေ တိုင်ခဲ့ဖူးတယ် ဆိုတာကို သိစေချင်တယ်။ အသိပေး သတိပေးနှိုးဆော် တာမျိုး လုပ်သွားမှာပါ။ မြို့နယ်၊ ခရိုင်၊ တိုင်း အလိုက် အဆင့်ဆင့် ခွင့် ပြုချက်တွေ တောင်းခံပြီး သံချပ်တွေ ပြန်လုပ်မယ်၊ သံချပ်တွေသာ ပြန်လုပ်ခွင့် ရမယ် ဆိုရင် အတိုင်း ထက် အလွန်ပါပဲ၊ မျှော်လင့်နေ တဲ့ အရာတွေ၊ ဖြစ်ချင်နေတဲ့ ဟာ တွေကိုပဲ နူးနူးညံ့ညံ့လေး လုပ်သွားမှာပါ”

သံချပ် ထိုးတာတွေကို ဝါသနာပါတော့ လိုက်ကြည့်ဖြစ်ခဲ့တယ်။ အဲဒီ သံချပ်တွေက
ပြည်သူ့ အကျိုးပြုသံချပ် တွေ ဖြစ်တယ်…
ဖိုးဖြူ
“ငယ်ငယ်လေး ကတည်းက သံချပ်လည်း ဝါသနာပါတယ်။ အက၊ အလှ၊ သံချပ်၊ အကဆိုတာက ကားတွေမှာ အလှဆင်တာရယ် ကားပေါ်မှာ လူဆယ့် လေး ငါးယောက် အနည်းဆုံး အယောက် နှစ်ဆယ်လောက် ပါတယ်။ မဏ္ဍပ်တွေ ရှိတဲ့ ရပ်ကွက်တွေ၊ မြို့နယ်တွေမှာ လိုက်ပြီး သံချပ်တွေ ထိုးတာတွေကို ဝါသနာ ပါတော့ လိုက်ကြည့် ဖြစ်ခဲ့တယ်။ အဲဒီသံချပ်တွေက ပြည်သူ့အကျိုးပြု သံချပ်တွေဖြစ်တယ်။ နောက်တစ်နည်း ပြောရရင် အဲဒါကို ဟစ်သံလို့လည်း ပြောလို့ ရတယ်။ ပြည်သူတွေ မကျေနပ်တာ ရှိရင် သမဝါယမ အလေး ခိုးတာတို့၊ ဘယ်သူက အမြတ်ကြီးစား တာတို့၊ နောက်ပြီး ရပ်ကွက် လူကြီး အထိပေါ့။ အဆင့် ဆင့်ပြောနိုင် သလောက်လေး ပြော ကြတာပေါ့နော်။ အရွယ် ရောက်လာပြီးတော့ တက္ကသိုလ် ကျောင်းသားဖြစ်တော့ ဇာဂနာ ဦးဆောင်တဲ့ မြပုဏ္ဏမာ အငြိမ့်မှာ ဝင်ကပါတယ်။ ဒါပေမဲ့ ဘယ်သူတွေကို လိုက်ကြည့်ရလဲ ဆိုတော့ အခု နာမည်ကြီးနေတဲ့ ကုသိုလ်၊ ဗေလုဝ။ အဲဒီ ပုဂ္ဂိုလ်တွေက သင်္ကြန် မင်းသားတွေ၊ သူတို့ရဲ့ အလှပြ ကားတွေကို လိုက်ကြည့် ရတဲ့ အထိကို ဝါသနာ ပါတယ်။ တစ်ဖွဲ့လုံး ဆုပေး မဏ္ဍပ်တွေမှာ လိုက်ကြည့် ရတဲ့ ခေတ်ကို ကြုံခဲ့သေးတယ်။ ဒါပေမဲ့ ဒီဘက် ခေတ်ကျတော့ အဲဒါတွေက အလိုလို ပျောက်သွား တယ်။ သံချပ် ဆိုတာလည်း အခုခေတ် လူငယ်တွေ သိချင်မှသိမှာ ပျောက်ကွယ်နေပါပြီ။ သင်္ကြန် သံချပ် ဆိုတာလည်း မရှိတော့ပါဘူး။ သင်္ကြန် ဆိုတာက အခု ကလေးတွေ သိသလောက်က သင်္ကြန်နဲ့ တူးပို့ တူးပို့ တွဲ တယ်လောက်ပဲ သိတော့ တယ်။ သင်္ကြန် ဆိုတာ သုံးမျိုး လောက် တွဲပါတယ်။ သင်္ကြန်ရယ်၊ သင်္ကြန် သီချင်းတွေရယ်၊ သင်္ကြန် သံချပ် တွေရယ်၊ သင်္ကြန် အလှပြကား တွေရယ်၊ နောက်ပြီး သင်္ကြန်ဆုပေး မဏ္ဍပ်တွေရယ် တတ်နိုင် သလောက်ပေါ့။ အခု အဲဒါမျိုးတွေ မရှိတော့ပါဘူး။ အခုရှိတယ် ဆိုတာ မြို့တော် ခန်းမရှေ့မှာ မြို့တော်ဝန်က လုပ်တဲ့ မဏ္ဍပ် လောက်ပဲ ရှိတော့တာပါ။ ဒီလို သံချပ်တွေကို ပြန်လည် ဖော်ထုတ်ရင် အရမ်းကောင်းတယ်။ ကုသိုလ် ၊ ဗေလုဝ၊ မေတ္တာတို့က သင်္ကြန်မင်းသား တွေ၊ သူတို့တွေ ပြန်ဦးဆောင်ပြီး လုပ်ကြမယ် ထင်တယ်။ ကျန်းမာရေး မကောင်းတော့ ငယ်ငယ်တုန်း ကလိုတော့ မလုပ်နိုင်တော့ ဘူးလေ။ သံချပ်တွေလည်း တစ်ဖန်ပြန် လည်လာရင် ကောင်းမှာပဲ၊ မျှော်လင့်ပါတယ်။ အရင်တုန်းကလို သံချပ်ကားတွေ နဲ့တော့ မလိုက်နိုင်တော့ဘူး၊ သံချပ် တွေကို အရင်လို ပြန်ကြားချင်ပါတယ်”။

သံချပ်ဆိုတာက တစ်နှစ်ပတ်လုံးမှာ ဖြစ်ပျက်ခဲ့တာတွေကို အပြုသဘောနဲ့
ရယ်စရာ တွေလည်းပါသလို အတည် တွေ လည်း
ငှက်ပျောကြော်
“အရင်တုန်းက မြန်မာ ရုပ်မြင်သံကြား မှာ အမျိုးသားနေ့ အငြိမ့် ကပြတဲ့အချိန်မှာ မြပုဏ္ဏမာ အဖွဲ့သားတွေနဲ့ ကပြခဲ့တယ်။ သံချပ်က ငယ်ငယ်လေးကတည်းက အငြိမ့် စင်ပေါ်မှာ လူရွှင်တော် အဖြစ် မရောက်ခင် ဗိုလ်စိန်မှန် ကွင်းမှာက သံချပ် ဆုပေးမဏ္ဍပ် ရှိတယ်။ ညနေ ၃ နာရီလောက် ထမင်းစားပြီး သွားကြည့်တာ မနက် ၄ နာရီထိုး သွားတာမျိုးလည်း ရှိတယ်။ အဲဒီအချိန်က ကိုဗေလုဝ၊ ကိုမေတ္တာ၊ ကိုကုသိုလ်တို့ရဲ့ သံချပ်တွေ ကြိုက်ခဲ့တယ်။ သူတို့က အဲဒီအချိန် ကတည်းက သံချပ်တွေ ထိုးခဲ့ တဲ့ သံချပ် မင်းသားတွေပါ။ သူတို့ က အတိုင်တွေ၊ အဖောက်တွေ၊ အပင့်တွေ၊ အဆိတ်တွေက အစ အရမ်းကောင်းတဲ့ ပုဂ္ဂိုလ် တွေပါ။ သံချပ် ဆိုတာက တစ်နှစ်ပတ်လုံး မှာဖြစ်ပျက် ခဲ့တာတွေကို အပြု သဘောနဲ့ ရယ်စရာတွေလည်း ပါသလို အတည်တွေ လည်းပါမယ်။ ဒါ့အပြင် အပြောင်အပျက် လေးတွေ လည်းပါတယ်။ အမှန် အတိုင်း ပြောရရင် အပြုသဘော ဆောင်တဲ့ ပြုပြင် ပြောင်းလဲရေးတွေပါ။ သရော်တဲ့ သဘော တွေလည်း ပါတယ်။ ဒီနှစ်တော့ သံချပ်တွေ ပြန်လုပ်မယ်၊ ကို အရိုင်းရဲ့ သင်္ကြန် သံချပ် အစီအစဉ် မှာတော့ ပါ ဖြစ်မယ် ထင်တယ်။ အရင်တုန်း ကလိုပဲ သံချပ်သံတွေ ပြန်ကြားရလိမ့်မယ်”

ကုန်ဈေးနှုန်း၊ သမဝါယမ၊ ကုန်သွယ် စတာတွေကို သံချပ်ထိုး တယ်။
လွန်ခဲ့တဲ့ နှစ်၃ဝလောက်ကပေါ့…..
အရိုင်း
”သံချပ်က အရင်တုန်းကတော့ ကားတွေနဲ့ လှည့်တာပေါ့။ ကားတွေပေါ်မှာ ဒီဇိုင်း တွေဆင်ပြီး လူနှစ်ဆယ်၊ သုံးဆယ်လောက် ကိုယ့်အသင်းနဲ့ကိုယ်၊ တစ်သင်း ကို နှစ်ဆယ်၊ တကယ် အင်အားကြီးတဲ့ အသင်းတွေဆို ခုနှစ်ဆယ်၊ တစ်ရာရှိတယ်။ အဲဒီလိုကားတွေနဲ့ လှည့်ပြီး မဏ္ဍပ်အကြီး၊ အသေးမျိုးစုံ ၊ဆုတွေ ကလည်း အမျိုးမျိုး ရှိတယ်။ စွယ်စုံ၊သဘာဝ၊ အက၊အလှ၊ သံချပ် အများကြီးပေးတာ။ အဲဒီ ခေတ်မှာ တစ်နှစ်ပတ်လည်လုံး တွေ့သမျှ၊မြင် သမျှကို သံချပ်ထိုးကြတာပါ။ ကုန်ဈေးနှုန်း၊ သမ ဝါယမ၊ ကုန်သွယ် စတာတွေကို သံချပ်ထိုးတယ်။ လွန်ခဲ့တဲ့နှစ် ၃ဝလောက် ကပေါ့။ ရန်ကုန် မြို့ရဲ့ သံချပ်က လူတန်းစား ပေါင်းစုံကို ထင်ဟပ်ပြတဲ့ သံချပ်မျိုးပေါ့။ မန္တလေး မှာက သဘာဝအလှ ရိုးရာယဉ်ကျေးမှုကို ဖော်ဆောင်တာမျိုးပေါ့။ သင်္ကြန်ရဲ့ ဝိညာဉ်ကတော့ သံချပ်ပဲ။ ဒီအချိန်မှာတော့ သံချပ်တွေကို ပြန် လုပ်သင့်ပြီ လို့ထင် ပါတယ်။ လောလောဆယ်တော့ သံချပ်လုပ်တာတွေ မတွေ့ရသေးဘူး။ ဦးတို့ကတော့ လုပ်စေချင်တာပေါ့။ ဟိုးတုန်း က သံချပ်ထိုးခဲ့တဲ့ သူတွေက မရှိ သလောက် ဖြစ်နေပါပြီ။ ဝေးသွားတာပေါ့။ အရင်တုန်းက ဒါတွေ ရှိတယ် ဆိုတာ အခုခေတ် လူငယ်တွေ ကို ပြပြီးမှ လုပ်ရမယ့် သဘော ဖြစ်နေတယ် ။ ဗေလုဝ ၊မေတ္တာ တို့ဆို တကယ့် သင်္ကြန်သမား စစ်စစ်တွေပါ”

တိုင်းပြည်တစ်ပြည်မှာသံချပ်ဆိုတာက
ပြည်သူ့ ဟစ်တိုင်ပါပဲ…
ဗေလုဝ
”သံချပ် အသစ်တွေကို ဦးဗေတို့ မလုပ် ဘူး။ လွန်ခဲ့တဲ့ အနှစ် ၃ဝ ကျော်က သီချင်း သံချပ်တွေက ဒီနေ့အထိ ဘယ်လောက် ခေတ်မီလဲ ဆိုတာကို ပြောချင်တဲ့ အတွက် ဒီနှစ် ဦးဗေတို့ လုပ်ကြတာ။ ဒီနှစ်တွေအထိ ကို ဘယ်လောက် အထိ ကွက်တိဖြစ်လဲ ဆိုတာကို ပြန်ပြောပြမယ်။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ် လောက်က ဆိုခဲ့တဲ့ တေးသီချင်း သံချပ်ကို ဆိုပြမယ်။
နိုင်ငံခြားငွေ အများကြီးလိုသည်
ငါတို့အစိုးရက တစ်မျိုးထလို့ ကြံစည်
(ကြိုးစားအားထုတ်ပြီ)၂
အတတ်ဆန်းလို့ ဖြတ်လမ်းကိုကြံစည်
ဒေါ်လာငွေလိုမှုကို
ဟိုတယ်တည်ထောင်မှုနဲ့ဖြည့်နေပြီ
ကန်တော်ကြီးက ရေပြင်ဆီ
ကရဝိက်ဟိုတယ်တည်
ပုဂံမြို့တော်ရေပူထဲမှာ သီရိပစ္စရာတည်
အင်းယားလိတ်နဲ့ စထရင်းဟိုတယ်
သမ္မတမကျန်ပြီ
မကြာမီအချိန်အတွင်းမှာ
ဟိုတယ်နိုင်ငံကြီး ဖြစ်လာမည် . ..
အဲဒီ အနှစ်သုံးဆယ်ကျော်က သီချင်းဟာ ဒီနေ့အထိ ဘယ်လောက် စူးရှ သလဲဆိုတာ ကို ကြိုမြင်နိုင်တယ်။ အဲဒါ ကြောင့် ပြောချင် တာက ခေတ်တစ်ခေတ် ကို ကြိုမြင် တာ သင်္ကြန်သမား လို့ပြောချင်တယ်။ သင်္ကြန်နဲ့ သံချပ် ဆိုတာကတော့ တွဲနေတယ်လေ။ ၈၈/၈၉ အထိကို သံချပ်တွေ လုပ်ခဲ့တာလေ။ ၈၉ တုန်းကတော့ တစ်တိုင်းပြည် လုံးက တစ်ခုသော မဏ္ဍပ်မှာ နောက်ဆုံး သံချပ်တိုင် ခဲ့ ရတာပါပဲ။ အဲဒီ မဏ္ဍပ် ကိုယ်စားပြု သံချပ်တိုင်ပြီး ကတည်းက အခု အနှစ်နှစ်ဆယ်ကျော် အထိ မတိုင်ခဲ့ ရတာ ကြာပြီ။ တိုင်းပြည် တစ်ပြည်မှာ သံချပ် ဆိုတာက ပြည်သူ့ရဲ့ ဟစ်တိုင်ပါပဲ။ အစဉ်အဆက် လက်ဆင့်ကမ်း လာခဲ့တဲ့ အစဉ် အလာ ကို ဦးဗေတို့က နှစ် ၂ဝ ကျော်လောက် ဒုက္ခ၊ သုက္ခ တွေနဲ့ ဖြတ်သန်း ခဲ့ကြပြီး လုပ်ခဲ့ရတာ။ ဦးဗေတို့က သင်္ကြန် သမား ဖြစ်တဲ့ အတွက် ဝေဖန်ပြုပြင် ပညာပေး သံချပ်တွေနဲ့ ပြောကြရတာ။ အကြောင်းကြောင်းကြောင့် ကာလ အတော်ကြာ သံချပ်တွေ တိမ်မြုပ်သွားရတာ လွမ်းမောဖွယ်ရာ နှစ်တွေလို့ ဆိုရမှာပါပဲ။ အခုတော့ အခြေအနေ ပြောင်းလဲ လာပြီဖြစ် တာမို့ လူငယ်တွေကို သိစေချင်တဲ့ အတွက် အခု သံချပ်ကို ပြန်လုပ်တာပါ။ ဒီနှစ်မှာ ပြောင်းလဲ လာတာနဲ့ အတူ မြန်မာ့ သင်္ကြန်မှာ သံချပ် သီချင်းတွေနဲ့ အားလုံးကို ငြိမ်းချမ်း စေချင်တယ်။ အားလုံးကို ပူးပေါင်း စေချင်တယ်။ အားလုံးကို သာယာဝပြော စေချင်တဲ့ စေတနာတွေနဲ့ပါ။ သင်္ကြန်သမား ဆိုတာ အဲဒါပါပဲ။ ပြည်သူတွေ ဘာဖြစ်နေတယ် ဆိုတာကို အနီးကပ်ဆုံး တင်ပြရတာဟာ သင်္ကြန် သမားပါပဲ။

Source:FB
No comments:
Post a Comment