မူလစာမျက်နှာ

Sunday 18 March 2012

"မြန်မာဝတ်စုံနဲ့ လိုက်တယ်ပြောလို့ ဝမ်းလည်းသာ သလို၊ ဂုဏ်လည်း ယူရပါတယ် ဆိုတဲ့ မိုးယုစံ"

Source:FB
မိုးယုစံက ပြေတီဦးနဲ့ ဒီဗီဒီ ဇာတ်ကား ရိုက်ကူးဖို့ရှိပြီး ဇာတ်ကားထဲမှာ မြန်မာဆန်တဲ့ မိန်းကလေး တစ်ယောက် အဖြစ် သရုပ်ဆောင် ရမှာ ဖြစ်ပေမယ့် ရိုက်နေကျလို အေးတဲ့သူ တစ်ယောက် မဟုတ်ဘဲ စွာတဲ့သူ တစ်ယောက် အနေနဲ့ သရုပ်ဆောင် ရမယ် လို့ ပြော ပါတယ်။ ”မိုးယုစံ အစွာ ဇာတ်ရုပ်တွေ ရိုက်ချင်တယ်။ ဒါပေမဲ့ အစွာခန်းဆို ကိုယ့်ဘက်က နည်းနည်း အခက် အခဲ လေးတွေရှိတယ်။ မြန်မာ စကားကပြောရတာ တော် တော်ခက် တယ်။ ပြောနေ ကျတောင် တစ်ခါတလေ အဆင်မပြေတာရှိတယ်။ မိုးယုက တချို့ စကားတွေ ပြောတာ သိပ်အဆင်မပြေဘူး။ အဲဒီတော့ ကိုယ်က အမြန် ပြောရင် ပိုပြီး သတိထားရတယ်။ မိုးယုက ကရင်နဲ့ တရုတ် နည်းနည်းစပ်တယ်။ မိုးယုက ဒိုင်ယာလော့ခ် နဲ့ချရင် သေသေချာချာ နား ထောင်ပြီးတော့မှ ကိုယ့်ဘာသာအဆင် ပြေအောင် ပြန်ပြော ကြည့် ရတယ်။ အဲဒါမှ ရိုက်ရင် အဆင်ပြေ တယ်”လို့ ပြောပြ ပါတယ်။ မိုးယုစံက ဒီဇာတ် ကားထဲမှာ အစွာ ဇာတ်ရုပ် ဆိုပေမယ့် မြန်မာဝတ်စုံ ရိုးရိုးလေးနဲ့ ဆရာမ လုပ်ရမှာဖြစ် ပါတယ်။ ပရိသတ်တွေက မိုးယုစံ ကို မြန်မာဝတ်စုံနဲ့ ပိုလိုက်တယ်လို့ ပြောကြတဲ့ အသံတွေ လည်း ကြားရတဲ့ အတွက် မိုးယုစံကို မြန်မာဝတ်စုံ ဝတ်ရတဲ့ ခံစားမှုကို မေးကြည့်တဲ့ အခါမှာတော့…”အခုနောက်ပိုင်း လူငယ်တွေက မြန်မာဝတ်စုံကို သိပ်မဝတ်ချင်ကြဘူး။ ကိုယ့်ကို မြန်မာဝတ်စုံနဲ့ လိုက်တယ် လို့ပြောတော့ တအား ဝမ်းသာတယ်။ ဂုဏ်လည်း ဂုဏ်ယူ တယ်”လို့ပြောပြပါတယ်။ မိုးယုစံက နှင်းဆီ အဖွဲ့နဲ့ ပြည်ပခရီးစဉ် တွေမှာ အငြိမ့် သွားကဖို့ ရှိတာကြောင့် ကားရိုက်တွေကို အငြိမ့်ပွဲနဲ့ ခြားပြီး လက်ခံထားတယ် လို့ ပြောပါ တယ်။ မြန်မာမိန်းကလေး တစ်ယောက် အနေနဲ့ မြန်မာအကကို အကျွမ်းအကျင်ကြီး မဟုတ်ပေမယ့် ကတတ်အောင် သင်ထားတော့ တခြား နိုင်ငံမှာ ဖျော်ဖြေကပြရင် ကိုယ့်ရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းရာလည်း ရောက်တဲ့ အတွက် မြန်မာအကကို ဆရာမနဲ့ သေချာ သင်ပြီး ကဖြစ်တာလို့ မိုးယုစံက ပြောပါတယ်။

No comments:

နေ့မှာ