မူလစာမျက်နှာ

Monday 19 March 2012

"အနုပညာရှင်များ၏ မဲပညာပေးခရီးစဉ် မတ်လ ၂၆ရက်နေ့မှစ၍ ပြင်ဦးလွင်၊စစ်ကိုင်း၊ မုံရွာ(ပုလဲ)၊ပခုက္ကူမြို့များသို့ သွားရောက်မည်"

Source:FB

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေး မသွား ရောက်နိုင်တဲ့ ဒေသများကို အနုပညာရှင်များက ကိုယ်စား သွားရောက်ပြီး ရွေးကောက်ပွဲ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ဖို့အတွက် မတ်လ၁ဝရက်နေ့မှာ စထွက်ကြဖို့ စီစဉ်ထား ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အဆိုပါခရီးစဉ်မှာ ၁ဝတန်း စာမေးပွဲနဲ့ ကိုက်နေတဲ့အတွက် ခရီးစဉ်ကို မတ်လ ၂၆ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်ရကြောင်း ဦးဇော်ဝင်း(Metal Zone) ကပြောပါတယ်။ ခရီးစဉ်ရဲ့ရက်ကိုပဲ ရွှေ့ဆိုင်း ခဲ့တာဖြစ်ပြီး သွားရောက်ကြမယ့် ဒေသတွေ ကိုတော့ မပြောင်းလဲကြောင်း သိရပါတယ်။ ခရီးစဉ် ကို ၂၆ရက်နေ့ စထွက်မှာဖြစ်ပြီး ၂၇ရက် နေ့မှာ ပြင်ဦးလွင်၊၂၈ရက်နေ့မှာ စစ်ကိုင်း၊ ၂၉ရက်နေ့မှာ ပုလဲ(မုံရွာအနီး)နဲ့ ၃ဝ ရက်နေ့မှာ ပခုက္ကူ မြို့များကို သွားရောက် ကြမှာဖြစ်ပါတယ်။ မတ်လ၂၇ရက်နေ့ ခရီးစဉ်မှာ လိုက်ပါ သွားကြမယ့် ဂီတ အနုပညာ ရှင် တွေနဲ့ ပတ်သက်ပြီး ဦးဇော်ဝင်း (Metal Zone) က… ”ဂီတဘက်ကတော့ ဆောင်းဦးလှိုင်၊ လင်းလင်း၊မာရဇ္ဇ၊ ဂျီလတ်၊အနဂ္ဂတို့ပါပါတယ်။ သျှီ၊ရှင်ဖုန်း၊သံသာဝင်းတို့ကို လည်း ပြောထား ပါတယ်။ အစကတော့ ကျွန်တော်တို့ Metal Zone တစ်ခုတည်းသွားဖို့ စီစဉ်ထားပေမယ့်လည်း နောက်ထပ် Plus 3Band ကိုလည်း အကူအညီ တောင်းထားပါတယ်။ ပထမ ၁၁ရက်နေ့ ထွက်မယ်လုပ်တုန်းက ချိတ်ထားတဲ့ အနုပညာရှင် တွေအနေနဲ့ ကားရိုက်တွေနဲ့ မအားလပ်တော့တဲ့အတွက် ၂၆ရက်နေ့မှာ မလိုက်ဖြစ်မယ့် သူတွေလည်းရှိပါတယ်။ အဆိုတော် ၁၄ယောက်လောက်ပါပါလိမ့်မယ်”လို့ ပြောပါတယ်။ ဆက်လက်ပြီး အဆိုပါ ခရီးစဉ် မှာ လိုက်ပါသွားမယ့် လင်းလင်းကလည်း. .”အဲဒီခရီးစဉ် မှာတော့ ဖျော်ဖြေရေး လုပ်ပေးမယ်ပေါ့။ ပြီးတော့ မဲနဲ့ပတ်သက်တဲ့ ပညာပေး အစီအစဉ် လေးတွေ လုပ်ဖြစ်မှာပါ။ ကျွန်တော့်ရဲ့ သီချင်း ဖြစ်တဲ့ ‘ကျွန်တော်မြန်မာ’ သီချင်းကိုလည်း သွားတဲ့မြို့တိုင်းမှာ ဖျော်ဖြေ မှာပါ”လို့ပြောပါတယ်။ ရွေးကောက်ပွဲပညာပေး ဒီခရီးစဉ်မှာ တော့ ဂီတအနုပညာရှင်တွေ အပြင် ရုပ်ရှင်အနုပညာတွေ ကလည်း လိုက်ပါဖျော်ဖြေ တင်ဆက်ကြမှာဖြစ်ပါတယ်။ သွားရောက်ကြမယ့် ၄မြို့စလုံးမှာ အခမဲ့ဖျော်ဖြေ ပွဲကို ဂီတပညာရှင်တွေရဲ့ တေးသီချင်းများ နဲ့ ဖျော်ဖြေမှုကတစ်ပိုင်း၊ ရုပ်ရှင်သရုပ် ဆောင်တွေရဲ့ ‘ဒီလိုလေးခြစ်တတ်ရင်ရပြီ’ ပြဇာတ်ကို တင်ဆက်မှုက တစ်ပိုင်း မဲထည့် ပုံထည့် နည်း ပညာပေး အစီအစဉ်များပြုလုပ် ကြမှာဖြစ်ပါတယ်။ မဲပညာပေးပြဇာတ် ‘ဒီလိုလေးခြစ် တတ်ရင်ရပြီ’ပြဇာတ်ကိုတော့ ဒါရိုက်တာဝိုင်းက ရိုက်ကူးထားတာဖြစ်ပြီး လူမင်း၊ဝေဠုကျော်၊ရဲတိုက်၊ ထွန်းအိန္ဒြာဗို၊ချစ် သုဝေတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ မတ်လ၂၆ရက်နေ့ ခရီးစဉ်မှာ ရုပ်ရှင် သရုပ်ဆောင်တွေဘက်က လိုက်ပါကြမယ့် သရုပ်ဆောင်တွေနဲ့ ပတ် သက်ပြီး ဒါရိုက်တာ ဝိုင်းက”အစ်ကို့ပြဇာတ်မှာ ကဖို့လိုက်ပါကြ မယ့် လူတွေကို ပြန်စုရမယ့် သဘောဖြစ်နေတယ်။ ကျန်တဲ့လူတွေရဲ့အားလပ်ရက်၊ မအားလပ်ရက်ကို အစ်ကိုပြန်မေး ရဦးမယ်။ သူတို့ တွေ ဘာအလုပ်တွေရှိလဲ။ ဘယ်လိုအစား ထိုးလို့ရနိုင်မလဲဆိုတာပေါ့။ အစ်ကိုနဲ့အတူ အမာခံပါနိုင်မယ့်လူတွေကတော့ကိုလူမင်း၊ ကိုဝေဠုကျော်၊ ရဲတိုက် တို့ကတော့ ကျိန်းသေ သလောက်ရှိပါတယ်။ မထွန်းအိန္ဒြာဗိုနဲ့ ချစ်သုဝေကတော့ အဲဒီရက်မှာ ဘာရှိဦး မလဲမသိသေးဘူး။ အစ်ကိုတို့က ဟိုမှာ ပြဇာတ်ကကြမယ်။ ပြဇာတ်ကတဲ့အခါ လူလိုရင် အစ်ကိုပါဝင်သရုပ်ဆောင်မယ်။ အစ်ကိုတို့ သွားရောက်ကြမယ့်မြို့က ပြည်သူတွေအနေနဲ့ အစ်ကိုတို့ရဲ့ ဖျော် ဖြေရေးကို လာပြီးကြည့်စေ ချင်ပါတယ်။ အစ်ကိုတို့ရဲ့ ပြဇာတ်တိုလေး တွေ၊ ဂီတနဲ့ သီချင်းလေးတွေက သူတို့အတွက် အင်အားတစ်ခုလည်း ဖြစ်မယ်ထင်ပါတယ်” လို့ ပြောပါတယ်။ ‘ဒီလိုလေးခြစ် တတ်ရင်ရပြီ’ ဇာတ်လမ်းတိုကို ဗီစီဒီအဖြစ် ရိုက်ကူးပြီး သွားပြီဖြစ်ပြီး ဗီစီဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ထဲကနေ အကျဉ်းချုံး လေးတွေ ကို ထည့်သွင်းထားပြီး မကြာမီ ဖြန့်ချိသွားဖို့ စီစဉ်ထားကြောင်းလည်း သိရ ပါတယ်။ အဆိုပါ အစီအစဉ်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဂီတ၊ ရုပ်ရှင် အနုပညာရှင်များ တွေ့ဆုံကြစဉ် ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီ တောင်းခံမှုကြောင့် အကောင်အထည် ဖော်ဖြစ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

No comments:

နေ့မှာ