မူလစာမျက်နှာ

Monday 19 March 2012

"အဆိုတော်ပေါင်း ၄ဝ ကျော် အားမာန်အပြည့် သီဆိုထားကြတဲ့ ‘လွတ်လပ်မြင့်မား တေးသံများ’ အခွေ စတင်ဖြန့်ချိ"

Source:FB

လူငယ်တွေ အမျိုးသားရေး စိတ်ဓာတ် ရှင်သန်ရေး၊ ကလေးသူငယ် စောင့်ရှောက်ရေး၊ တိုင်းပြည်အကျိုးပြုရေး၊ ဇာတိသွေး ဇာတိမာန် တက်ကြွစေမယ့် သီချင်းတွေ ပါဝင်တဲ့ ‘လွတ်လပ်မြင့်မား တေးသံများ’ အမှတ် ၁ အခွေကို မတ်လ ၁၆ ရက်နေ့မှာ ဖြန့်ချိလိုက်ပြီဖြစ် ပါတယ်။ အခွေရဲ့စာနယ်ဇင်း ရှင်းလင်းပွဲကိုတော့ ရွှေဂုံတိုင်၊ တော်ဝင်နှင်းဆီစားသောက် ဆိုင် မှာ ပြုလုပ်ခဲ့ပါတယ်။ အခွေကို မတ်လ ၁၆ ရက်နေ့မှာစတင်ဖြန့်ချိလိုက်ပြီဖြစ်သလို တိုက် တိုက်ဆိုင်ဆိုင်ပဲ အခွေထဲမှာပါဝင်တဲ့ သီချင်း အပုဒ်ရေကလည်း ၁၆ ပုဒ်ပါပဲ။ သီချင်း နာမည်တွေကတော့ နဂါးနီ၊ အောင်ဆန်းစိတ် ဓာတ်၊ အကျင့်ဆိုး၊ အမျိုးသမီးတွေရှေ့ထွက်၊ အနာဂတ်ဆီသို့၊ ကျွန်တော်မြန်မာ၊ လက် ဆောင်၊ မြန်မာမြန်မာမြန်မာ၊ တံခါးတွေဖွင့်၊ စန်းထ ချိန်၊ ဖော်မဲ့ကလေးအတွက် သီချင်း၊ သင့်နိုင်ငံအတွက်၊ မြန်မာပြည်စိမ်းလန်းပါစေ၊ ကြွပ်ကြွပ် အိတ်အတွေး၊ ခွန်အားဖြည့်မိငယ်၊ ချစ်သောကမ္ဘာမြေတို့ပဲ ဖြစ်ပါတယ်။ တေးရေးဆရာပေါင်း ၂ဝကျော် ပါဝင်ရေးစပ်ထား ပြီး အဆိုတော်ပေါင်း အယောက် ၄ဝကျော် သီဆိုထားကြ ပါ တယ်။ Music Producer တွေကတော့ ကိုရဲလွင်၊ ညီညီသွင်၊ ရွှေဂျော်ဂျော်၊ မိချော၊ ဆောင်းဦးလှိုင်၊ နောင်နောင် (SF)၊သားထွေး၊လင်းလင်း၊အနဂ္ဂ၊ အောင်မျိုး ဟိန်းတို့ဖြစ်ပြီး Executive Producer ကတော့ ဦးဇော်ဝင်း (Metal Zone)ပဲ ဖြစ်ပါတယ်။ တေးရေး ဆရာကြီး ရွှေတိုင်ညွန့် ရေးခဲ့တဲ့ ‘နဂါးနီ’သီချင်းကို စိုးစန္ဒာထွန်းက သီဆိုထားပြီး၊ ‘အကျင့်ဆိုး’ သီချင်းကိုတော့ ဖိုးသောကြာနဲ့ ရေဗက္ကဝင်းတို့က သီဆိုထား ကြပါတယ်။ သီချင်းတိုင်းကို အဆိုတော် အားလုံးက အားနဲ့မာန်နဲ့သီဆိုထားကြတဲ့ အတွက် ဒီအခွေကိုနားထောင်ကြတဲ့ ပရိသတ် တွေအနေနဲ့လည်းစိတ်ဓာတ်ခွန်အားတွေ ဖြစ်စေလိမ့်မယ်လို့ ယုံကြည်ထားကြောင်း၊ အခွေရဲ့ Music Producerတွေ ကပြောပါ တယ်။ အခွေရဲ့နာမည်ဖြစ်တဲ့ ‘လွတ်လပ် မြင့်မား တေးသံများ’ နာမည်နဲ့ပတ်သက်ပြီးလည်း Music Producer တွေအားလုံးရဲ့ ကိုယ်စား တေးရေး ဆရာရွှေဂျော်ဂျော်က ”လွတ်လပ်တိုင်းလည်း မမြင့်မားနိုင်သလို၊ မြင့်မားတယ် ဆိုတိုင်းလည်း မလွတ်လပ်နိုင်ဘူး ဖြစ်ပါတယ်။ အဓိကတော့ လွတ်လပ်တယ်ဆို တာကို ခွဲစိတ်ကြည့်တဲ့ အခါကျတော့ သူတစ်လူ၊ ငါတစ်မင်း တရားဥပဒေ စိုးမိုးရေး မပါရှိဘဲနဲ့ ဘဝတွေ ထူထောင်ကြမယ်၊ စီးပွားရေးတွေ လုပ်ကြမယ်ဆိုရင် လွတ်လပ်ကောင်း တော့ လွတ်လပ်ပါ လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းပြည် မမြင့်မားနိုင်ပါဘူး။ အဲဒီလိုပဲ တချို့လူတွေရဲ့ ဘဝဟာ ရုပ်ပိုင်း ဆိုင်ရာအရ မြင့်မားကောင်း မြင့်မားပါလိမ့်မယ်။ ဒါပေမဲ့ မှန်တာ မပြောရဲ၊ ဟုတ်တာ မလုပ်ရဲ၊ မှန်တဲ့ဘက်က မရပ်ရဲ၊ မှန်တာကို မရေးနိုင်ရဲခဲ့တဲ့ ဘဝတွေဟာ ဘယ်လိုမှ တကယ်တမ်း လွတ်လပ်တဲ့ဘဝ၊ မြင့်မားတဲ့ ဘဝတွေမဟုတ်ပါဘူး။ ဒါကြောင့် လွတ်လပ်မှုနဲ့ မြင့်မားမှုရောနေတဲ့မြင့်မားတဲ့လူတွေကို လွတ်လပ်မှုမှာ ပါဝင်စေ ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီအခွေလေးလုပ်ပါတယ်” လို့ ပြောပါတယ်။ ‘လွတ်လပ်မြင့်မား တေးသံများ’ အခွေနဲ့ သီချင်းစာအုပ်အပါအဝင် ကျပ်၈ဝဝနဲ့ ရောင်းချမှာဖြစ်ပြီး The Sun Music ထုတ်လုပ်ရေး၊ Asia Plaza မှာရှိတဲ့ Metal Zone စတူဒီယို၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးတွေမှာ ဝယ်ယူ ရရှိနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ ‘လွတ်လပ်မြင့်မားတေးသံ များ’ အခွေကို အမှတ် ၂၊ ၃၊ ၄၊ ၅ အထိ ထွက်သွား ဖို့အစီအစဉ်ရှိကြောင်း၊ အခုလိုမျိုးအခွေ ကို ၈ဝဝကျပ်နဲ့ရောင်းချရခြင်းကလည်းပြည်သူ တွေအနေနဲ့ ဈေးနှုန်းချိုသာစွာနဲ့ဝယ်ယူ နား ထောင်နိုင်ဖို့ အတွက်ပါလို့ သိရပါတယ်။ အဆို ပါအခွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂီတ အနုပညာရှင်များတွေ့ဆုံမှုအပြီးမှာပဲ စတင် အကောင်အထည် ဖော်ခဲ့တာဖြစ်ပါတယ်။

No comments:

နေ့မှာ