မူလစာမျက်နှာ

Monday 19 March 2012

"ဒရာမာဘက် ပြန်လှည့်လာတော့မှာ ဖြစ်ကြောင်း နဝရတ် ခန့်မှန်း"

Source:FB
အခုနောက်ပိုင်းမှာ ဗီဒီယိုဈေးကွက်လည်း ပျက်လာတဲ့အတွက် ဇာတ်ကားတွေကို ဖြေးဖြေး မှန်မှန်ပဲ ရိုက်ကူးနေတယ်လို့ နဝရတ်က ဆိုပါတယ်။ ဇာတ်ကောင်းကောင်းကို အရင်တုန်း ကဆို လုပ်ခွင့်ရသလို လုပ်ချင်တိုင်းလုပ်ဖို့ ပရိုဂျူဆာ လည်းရှိပေမယ့် ခုနောက်ပိုင်းမှာတော့ ကိုယ့်ဘာသာ လုပ်ရတယ်လို့ဆိုတဲ့ နဝရတ်က…”ကိုယ်ကလည်း ကောင်းမှရိုက်ချင်တယ်။ ကိုယ်ရိုက်ပြီဆို ပရိသတ်အတွက် အပြည့်ပဲပေးချင်တယ်။ ဆံပင်ကအစ ခြေထောက်အဆုံး အသေး စိတ်လုပ်ချင်တာ။ လိမ်ရိုက်တာဆို မကြိုက် ဘူး။ ကိုယ့်ဘက်က လုပ်ပေးနိုင်တာ အိမ်ဆိုလည်း ရှုတင်အိမ်အဖြစ်၊အစ်မ ဆိုင်ဆိုလည်း အကုန်ရိုက်ပေးခဲ့တယ်။ နောက်ပိုင်း ကျတော့ စိစစ်ပြီး ပရိသတ်အတွက် တကယ်ကျန်မယ် ဆိုတဲ့ ကားမျိုးပဲ ရွေးရိုက် တော့တယ်” လို့ ပြောပါတယ်။ ဒရာမာမင်းသမီးလို့ ပြောလို့ရတဲ့ နဝရတ်က ‘တိမ်မင်းသမီးရဲ ဒဏ္ဍာရီ’ ဇာတ်ကားနဲ့ ‘မွေခံထိုက် သူဖြစ်ပါစေသတည်း’ ဒရာမာဇာတ်ကား၂ကားရိုက်ကူးထားပြီး ၂ကားစလုံး က ဒရာမာစစ်စစ်တွေပဲ ဖြစ်ပါတယ်။ ”အခု ဟာသတွေထက် ဒရာမာဘက် တလှည့်ပြန် လာပြီ လို့ထင်တယ်။ ဒရာမာနဲ့ ရိုမန့်ပေါ့။ အခုရုပ်ရှင်လောက ပြောင်းလဲမှုတွေ လည်း လုပ်လာပြီဆိုတော့ ရုပ်ရှင်လော ကတစ်ခုလုံးကောင်းလာမယ်။ ‘တိမ်မင်းသမီး ရဲ့ဒဏ္ဍာရီ’ ရုပ်ရှင်ကားကို ၂ဝ၁၃မှာ ရုံတင် မယ်။ အဲဒီကားမှာ အစ်မအများကြီးလုပ်ထား တာကို ပရိသတ်တွေက အသိမှတ်ပြုရင် ကျေနပ်ပါပြီ။ ကိုယ့်ကားကိုယ်ယုံကြည်တယ်။ ပရိသတ်ရဲ့ရင်ထဲ အနက်ရှိုင်းဆုံးနေရာအထိ ရောက်ရင် ကျေနပ်ပါတယ်။ ဒရာမာစစ်စစ်ကို တွေ့ရမှာပါ။ ဇာတ်ကားတွေကို အထွက် ကျဲတာ၊နည်းထာထက် အစ်မကားတွေကို ပရိသတ်အတွက် သေသေချာချာရွေးပြီး ရင်ထဲတကယ်ရောက်မယ့် ကားတွေကို ရိုက်ကူးနေပါတယ်”လို့ ပြောပြပါတယ်။

No comments:

နေ့မှာ