Source:FB
ပရိသတ်ရင်ထဲကို ထိစေမယ့် ဇာတ်လမ်း ကောင်းကောင်းတွေနဲ့ တွဲပြီး မြင်တွေ့ရတဲ့ မင်းသားတွေထဲမှာ မြင့်မြတ်လည်း အပါအဝင်ဖြစ်ပါတယ်။ လတ်တလောမှာ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)ရိုက်ကူးတဲ့ “မကင်းရာမကင်းကြောင်း” ဗီဒီယို ဇာတ်ကားကို မိုးယုစံနဲ့ ရိုက်ကူးနေတဲ့ မြင့်မြတ်က “ရှင်းလို့မရအောင်ရှုပ်ကုန်ပြီ” ဆိုတဲ့ ဗီဒီယိုဇာတ်ကားနဲ့ “ကံကြမ္မာကိုရောင်းစားကြသူများ” ဇာတ်ကား နှစ်ကားထွက်ရှိထား တာနဲ့ပတ်သက်ပြီး ပရိသတ်အသံကို အခု လို ပြောပြပါတယ်။ ”ကံကြမ္မာ ကိုရောင်း စားကြသူများ ဇာတ် ကားက ဆိုင်တက်ပါ တယ်။ ပရိသတ်လည်း ကြိုက်ကြတယ်။ နောက်ကားလေးဆို ပိုတောင် ဆိုင် တက်သေးတယ်။ “ရှင်းလို့မရအောင်ရှုပ် ကုန်ပြီ” ပေါ့။ ပရိသတ်ပို ကြိုက်ကြတယ်။ ကျွန်တော် က ကျွန်တော့် ဇာတ်ကားလေးတွေရဲ့ ဆိုင်တက်အားကို အမြဲ နားစွင့်တတ်ပါတယ်။ ဒါက သရုပ်ဆောင် တစ် ယောက်ရဲ့ အသက်ပဲ လေ။ ကျွန်တော်တို့အမြဲ သတိထားပြီး နားထောင် ရတယ်။ ပရိသတ်ရဲ့တုံ့ပြန်မှုကို အမြဲနားစွင့်နေရတယ်” လို့ ပရိသတ်ရဲ့ တုံ့ပြန်မှုအပေါ် ကျေနပ်နေတဲ့ မြင့်မြတ်က ပရိသတ်အသံကို အမြဲနားစွင့်ဖြစ်တဲ့ အကြောင်းကိုပါ ပြောပြပါ တယ်။ ဒီနှစ်သင်္ကြန်ကို နားမလား၊ဖျော်ဖြေပွဲ သွားမလားဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ပြောတဲ့ မြင့်မြတ်က နောက်ပိုင်းမှာ ပရိသတ်အမြင်ဆန်းစေမယ့် ဇာတ်ရုပ်မျိုးကို ရွေးချယ်ရိုက် ကူးထားကြောင်း ပြောပါတယ်။ လတ်တလောရုပ်ရှင် လောကသားတွေ စိတ်အဝင် စားဆုံး ဖြစ်တဲ့ ရုပ်ရှင်အစည်းအရုံး ပြန်လည်ဖွဲ့စည်းတဲ့ အပေါ်ကိုလည်း မြင့်မြတ်က သူ့အမြင်ကို အခုလိုပြောပြပါသေးတယ်။ “ရုပ်ရှင် အစည်းအရုံး ပြန်လည်ဖွဲ့စည်းတာ တအားကောင်းတဲ့ အခြေအနေ တစ်ခုပါ။ ဘယ်လိုလဲဆိုတော့ အနည်းဆုံးတော့ ဆင်ဆာမူဝါဒတွေ လျော့ သွားမယ်။ ကျွန်တော်တို့ ဖန်တီးချင်တဲ့ အနုပညာကို ဖန်တီး လို့ရမယ်။ ဒါက အနုပညာ သမားတွေ အတွက် တအားကို ဝမ်းသာစရာသတင်းပါ” လို့ ပြောပြီး သူအဆိုတင်သွင်းမယ့် သူကိုတော့ ထုတ်ဖော်မပြောသေးဘဲ စိတ်ထဲရှိတဲ့ သူကို အဆိုတင်သွင်းမှာဖြစ်ကြောင်း မြင့်မြတ်က ဆိုပါတယ်။

No comments:
Post a Comment