Source:FB
အခု လတ်တလော အွန်လိုင်းမှာ ရေပန်းစားနေတဲ့ သီချင်းတစ်ပုဒ် ရှိပါတယ်။ ဒီသီချင်း ကတော့ အမျိုးသမီး အဆိုတော် ၉ ယောက် ပါဝင် သီဆိုထားကြတဲ့ ‘အမျိုး သမီးတွေရှေ့ထွက်’ သီချင်းပါ။ သီချင်းရဲ့ ဖန်တီးရှင် ကတော့ သံသာဝင်းပဲဖြစ်ပါတယ်။ သီချင်း ပုံစံကတော့ အမျိုးသမီတွေရဲ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းကို သီချင်း ရေးစပ်ထားခြင်းပဲ ဖြစ်ပါတယ်။ သီချင်းလေး ဖြစ်ပေါ်လာပုံကိုတော့ သံသာဝင်း ကအခုလို ရှင်းပြ လာတာကတော့ ”အန်တီစုနဲ့ အစ်မ တို့ ဂီတ အနုပညာ ရှင်တွေ တွေ့ဆုံကြတုန်းက အန်တီစုက သူဖြစ်စေချင်တဲ့ သီချင်းပုံစံလေးတွေ ပြောတယ်။ အဲဒီမှာ အန်တီစုက အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ သီချင်း ကိုလည်း ရေးစေ ချင်တယ် လို့ ပြောတယ်။ အဲဒီတုန်း ကတော့ တေးရေးဆရာကြီးတွေ ရေးတဲ့အခါ အစ်မတို့ ဝင်ဆိုပေးမယ်ပေါ့။ ဒါပေမဲ့ အစ်မရဲ့ခေါင်းထဲမှာတော့ အမျိုးသမီး တွေ နဲ့ ပတ်သက် ပြီး ရေးချင်တာ တော်တော် ကြာနေပါပြီ။ နဂိုထဲက အတွေးက ရှိပြီး ဖြစ်တဲ့ အတွက် အစ်မရဲ့ခေါင်း ထဲကို သီချင်း စာသားတွေက ဒီအတိုင်း ဖြစ်ပေါ်လာ တယ်။ ဒါနဲ့ပဲ အစ်မက သီချင်းအကြမ်းလေး လုပ်ဖြစ်ရင်းနဲ့ ဒီသီချင်းလေး ဖြစ်ပေါ်လာတာပါ။ ပထမက ဒီသီချင်း ကို တစ်ယောက်၊ နှစ်ယောက်ပဲ ဆိုမယ်ပေါ့။ နောက် စဉ်းစား ကြ တော့ ဒီသီချင်းကို အမျိုးသမီးတွေ အားလုံးပေါင်းပြီး ဆိုလိုက်ရင် ပို ကောင်းမယ် ထင်လို့ပါ။ အဲဒါနဲ့ သူငယ်ချင်းတွေကို အကူအညီတောင်း လိုက်တော့ အားလုံး ကလည်း ၂ ခါ မပြောရဘူး။ ချက်ချင်းကိုပဲ ဆိုပေးမယ် လို့ပြောကြတယ်။ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ သီချင်း ကလည်း မြန်မာပြည်မှာ နည်းနည်းရှားတယ်။ အန်တီစု ကတော့ ကိုယ့်ရဲ့တိုင်းပြည်မှာ ရှိနေတဲ့ အတုယူစရာ အကောင်းဆုံး စံပြ အမျိုးသမီးပေါ့။ အန်တီစုလိုပဲ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ဘက်မှာ လှုပ်ရှားနေ တဲ့ အမျိုးသမီးတွေ အများကြီးနဲ့ အစ်မ သိတယ်။ အစ်မ လေးစားရတဲ့ သူတွေပေါ့။ သူတို့တွေကိုလည်း ဂုဏ်ပြု ချင်တာလည်း ပါပါတယ်။ နောက် အမျိုး သမီးတွေ အနေနဲ့ အခွင့်အရေး တန်းတူ ရရမယ်ဆိုတာ ကိုလည်း message ပေးချင်လို့ပါ” လို့ ပြောပါတယ်။ ဒီသီချင်းလေးက သူ့ရဲ့ ဂီတသက်တမ်း တစ်လျှောက် မှာကော၊ သူရေးခဲ့တဲ့ သီချင်းတွေ ထဲမှာ ကော အမှတ်တရ အဖြစ်ဆုံး သီချင်းပဲ ဖြစ်ကြောင်း၊ ဒီသီချင်းမျိုး ရေးဖြစ်ခဲ့တဲ့ အတွက်လည်း ကိုယ့်ကိုကိုယ် ဂုဏ်ယူစိတ် ဖြစ်မိကြောင်း သံသာဝင်း ကပြောပါတယ်။ ဒီသီချင်းကို ဖေဖော်ဝါရီ ၂၉ ရက်နေ့ မှာ အွန်လိုင်းမှာ စတင်ခဲ့ပြီး စတင်တင်ချင်း နာရီပိုင်းလောက်မှာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ကြောင်း ၊ နိုင်ငံတကာ အမျိုးသမီး များနေ့မှာ ဒီသီချင်းကို ဖွင့်ဖို့အတွက် ခွင့်တောင်းကြကြောင်း၊ နောက်ပိုင်းမှာလည်း ဒီလို သီချင်းမျိုးလေးတွေ ရေးဖို့ အစီအစဉ် ရှိကြောင်း သံသာဝင်း ကပြောပါတယ်။

No comments:
Post a Comment