မူလစာမျက်နှာ

Monday 19 March 2012

"ငယ်ငယ်က သင်္ကြန်ဆိုရင် အပြင်ထွက်မလည်ခဲ့ရတဲ့ ခင်လေးနွယ်"

Source:FB
နောက်ပိုင်းမှာ အဆိုပိုင်းကိုပဲ ပိုပြီးလုပ်ဖြစ်တော့မယ်လို့ ဆိုတဲ့ ခင်လေးနွယ်က မနောအလှ ဂီတည ဖျော်ဖြေပွဲမှာ ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ အဆင်ပြေတဲ့အချိန်၊ ကိုယ်နဲ့ တိုက်ဆိုင်တဲ့ အချိန်ဆို နောက်ပိုင်းမှာလည်း ခုလိုပွဲမျိုးကျင်းပမယ်ဆိုရင် ပါဝင်ကူညီ သီဆိုပေးဦးမှာ ဖြစ်ကြောင်း ပြောပါတယ်။ သီချင်းကတော့ ကိုယ်ကျွမ်းကျင်တဲ့ အရာ မဟုတ်တဲ့အတွက် ဆိုရတာကြောက်မိကြောင်း ပြောတဲ့ ခင်လေးနွယ်က..”သီချင်းက ကိုယ်ကျွမ်းကျင်တဲ့အရာ မဟုတ်သေးဘူး။ ဆိုရတာ တော်တော်တော့ ကြောက်ပါ တယ်။ ကိုယ်တတ်နိုင်တဲ့ အနုပညာနဲ့ ပါဝင်ဖျော်ဖြေခွင့် ရတဲ့အတွက်တော့ ဝမ်းသာပါတယ်”လို့ ပြောပါတယ်။ ခင်လေးနွယ်က ဒီနှစ်သင်္ကြန်ကို မန္တလေးမှာရှိမှာဖြစ်ပြီး သင်္ကြန်ဆိုရင် မဏ္ဍပ်မှာထိုင်ရတာ ပိုပျော်ကြောင်း ကို…”သင်္ကြန်ဆိုရင်တော့ လည်တာနည်းတယ်။ လည်ရတဲ့အရသာထက် မဏ္ဍပ်မှာ ရေပက် ရတာ ပိုကြိုက်တယ်။ သင်္ကြန်ဆိုရင် တအားပျော်တယ်။ အနုပညာရှင်ဖြစ်တော့မှ မဏ္ဍပ်ထိုင် တာ များတယ်။ ငယ်ငယ်တုန်းက သင်္ကြန်ဆိုရင် ထွက်မလည်ရဘူး။ ဘုရားကျောင်းမှာ Camp ဝင်သလို ၃၊၄ရက် သွားနေတယ်”လို့ ပြောပြီး သင်္ကြန်မှာ ပရိသတ်တွေကို သတိနဲ့တော့ ပျော်ကြပါလို့ ခင်လေးနွယ်က ပြောခဲ့ပါတယ်။ တစ်ကိုယ်တော် အခွေလုပ်ဖို့ အစီအစဉ် ရှိပေမယ့် သီချင်းတွေကတော့ ရှာနေတုန်းပဲဖြစ်ကြောင်း ခင်လေးနွယ်က ပြောပါတယ်။

No comments:

နေ့မှာ