မူလစာမျက်နှာ

Monday 19 March 2012

"ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ်မှာ လိုက်ပါခဲ့သူ အဆိုတော် လင်းလင်းရဲ့ နောက်ဆုံးရ အခြေအနေ"

 Source:FB
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေး စည်းရုံးရေးခရီးစဉ်မှာ လင်းလင်းက ခရီးစဉ် တောက် လျှောက် အနီးကပ် လိုက်ပါခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခရီးစဉ် တောက်လျှောက် လိုက်ပါဖြစ်တဲ့ လင်းလင်းကို အဲဒီခရီးစဉ်တွေထဲက အတွေ့ အကြုံတွေကို မေးကြည့်တဲ့အခါ “ခရီးစဉ် တောက်လျှောက် ရောက်တဲ့မြို့၊ ရောက်တဲ့နေရာမှာ တွေ့ရတဲ့ ပြည်သူလူထု အကုန်လုံးရဲ့ မျက်လုံးထဲမှာ သူတို့လိုချင်တဲ့အရာ၊ တောင့်တတဲ့အရာက တစ်ခုတည်းပဲ ရှိတယ်လို့ ကျွန်တော် မြင်မိတယ်”လို့ ပြောပါတယ်။ အဲဒီခရီးစဉ် အပြန်မှာတော့ သူတို့ လိုက်ပါလာတဲ့ ယာဉ်တန်းကို ဘယ်သူဘယ်ဝါမှန်း မသိသူများက ခဲများနှင့် ပစ်ပေါက်ခြင်း ခံခဲ့ရတယ်ဆိုတာကြောင့် လင်းလင်းကို အဲဒီအခြေအနေ မေးကြည့် တော့…”အဲဒါက တကယ်ဖြစ်တာ။ ကျွန်တော်တို့ပါတဲ့ ကားကိုမှန်တာ။ ကျွန်တော်လည်း ထိသွားတယ်။ ဒါပေမဲ့ နည်းနည်းပါ။ ခေါင်းကို မှန်ကွဲစနည်းနည်း မှန်သွားရုံပါ။ လူကြီး တွေကိုတော့ ဒီကိစ္စတွေ အကုန်လုံးပြောပြထားပါတယ်”လို့ လင်းလင်းက ပြောပါတယ်။ အခု လတ်တလော ထွက်ရှိ လာတဲ့ ‘လွတ် လပ်မြင့်မားတေးသံများ အမှတ်(၁)’အခွေမှာတော့ လင်းလင်းက သူရေးစပ် ထားတာ ကြာပြီဖြစ်တဲ့ ‘ကျွန်တော်မြန်မာ’ဆိုတဲ့သီချင်းနဲ့ ပတ်သတ် ပြီးလည်း .. ”ရည်ရွယ် ချက် အားလုံး စုံသွားပြီးမှ ရေးဖြစ်တာပါ။ ဥပမာ-ကိုယ့်အိမ်နီးနားချင်းနိုင်ငံပဲ သွားဦး။ မြန်မာဆိုရင် ဘယ်သူမှ ကိုယ့်ကိုယ်ကိုယ် မြန်မာလို့ မပြောရဲကြဘူးလေ။ ပြီးတော့ ဒီထဲမှာ မြန်မာနိုင်ငံထဲ နေတာတောင်မှ ကိုယ့်ကိုယ်ကိုယ် မြန်မာမပီသသလို ခံစားရတာပေါ့။ အဲဒီလိုမျိုးလေးတွေ အများကြီးပေါ့။ စုံပြီးတော့မှ ဒီသီချင်းလေး ရေးဖြစ်တာ”လို့ လင်းလင်း က ပြောပါတယ်။ လင်းလင်းက အဲဒီသီချင်းလေးကို အစကတော့ သူ့ရဲ့ ဒုတိယအခွေ ‘အမှန်တရား’ထဲ မှာ ထည့်ဖို့ စဉ်းစားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မထည့်ဖြစ် ဘူးလို့လည်း သိရပါတယ်။ ”အနုပညာအရ လွတ်လွတ်လပ်လပ် လုပ်ထားတာမှန်သမျှ တစ်ခါမှ လူထုကြားထဲ မရောက်ဖူးဘူး။ အရင်တုန်းကပေါ့နော်။ အခု ချိန်မှာတော့ ဒီအခွေ လေးနဲ့ပတ်သက်ပြီး တိုက်ဆိုက်မှုရှိပြီးထည့်ဖြစ်တယ်”လို့ ပြောလာတဲ့လင်းလင်းက NLD ပါတီဝင် တစ်ဦးလည်း ဖြစ်တာကြောင့် ပါတီအတွက်ကော သီချင်းတွေ ရေးစပ်ဖြစ် လားဆိုတဲ့ အမေးကို ပြန်ဖြေတဲ့ လင်းလင်းရဲ့စကားက ..”ကျွန်တော်ကတော့ NLD ထဲလည်း ဝင်ထား တယ်။ အမေစုနဲ့ပတ်သက်ပြီး ကူညီ နိုင် သမျှတော့ အချိန်မရွေး လိုက်ကူညီပေး တယ်ပေါ့ နော်။ ဒါပေမဲ့ အဓိကကတော့ နိုင်ငံ ကောင်းဖို့နဲ့ နိုင်ငံမှာရှိတဲ့ ကိုယ့်ညီအစ်ကို မောင်နှမပြည် သူလူထုအားလုံး ကောင်းဖို့ပဲ ခေါင်းထဲမှာရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ပဲ ရေးမှာပါ။ ပါတီတစ်ခုတည်းအတွက် ဦးစားပေးပြီး တသီးတသန့် ကြီးတော့ မရေးဖြစ်ပါဘူး။ အားလုံးရဲ့ ရည်ရွယ်ချက် ကလည်း နိုင်ငံကြီး ကောင်းစားဖို့ပဲလေ။ အဲဒီတော့ နိုင်ငံအတွက် အကျိုးပြု သီချင်းမျိုးတွေပဲရေးဖြစ်မှာပါ”လို့ ပြောပါတယ်။

No comments:

နေ့မှာ