“အဓိက ကတော့ ကျနော်တို့ လူတွေ ကားတွေ နအဖ ထိန်းချုပ်နယ်မြေထဲ လွတ်လွတ်လပ် သွားလာလို့မရအောင်၊ တောင်ပိုင်း ဝ တပ်ဖွဲ့နဲ့မြောက်ပိုင်း ဝ ဌာနချုပ် မဆက်ဆံနိုင်အောင်ပိတ်ပင်လိုက်တာ” - ဟု အမည်မဖေါ်လိုသည့် မြောက်ပိုင်း ဝ အရာရှိငယ် တဦးက ပြောပါသည်။
၁။ မိုင်းလားတပ်ဖွဲ့ သုံးကားများဖြစ်သော SR4 /---- နှင့် ဝ တပ်ဖွဲ့သုံးကား များဖြစ်သော SW / ---- NW /---- တို့ကို နအဖ ထိန်းချုပ်နယ်မြေအတွင်း သွားလာလှုပ်ရှားခွင့်ပိတ် ပင်ခြင်း။ ၂။ လက်နက်ခဲယမ်းမီးကျောက်သယ် ဆောင်သွားလာခွင့်ပိတ်ပင် ခြင်း။ ၃။ စစ်ဝတ်စုံဖြင့် သွားလာလှုပ်ရှားခွင့်ပိတ်ပင်ခြင်း။ ၄။ ယာဉ်ကြီး/ငယ်ကားများဖြတ်သန်း သွားလာခွင့်ပိတ်ပင်ခြင်းတို့အား အောက်တိုဘာ ၂၆ ရက် ကတည်းက တြိဂံတိုင်းမှူးက လိုက်သည်ဟုဆို၏။
“လားရှိုး - တန့်ယန်းကနေ ဝ နယ်ထဲ ဝင်မယ့်ခရီးသည်တွေသံလွင်မြစ်ကူး တာ့ကောင်းအက်တံတားဂိတ်မှာ နအဖက စစ်ဆေး တယ်။ သျှမ်း နဲ့ တရုတ် လူမျိုးတွေဘဲ ဖြတ်သန်းသွားခွင့်ပြုတယ်။ ဗမာမှတ်ပုံတင်ကိုင်တဲ့ ဝ နဲ့ ဗမာလူမျိုးတွေကို ဝ နယ်ထဲ ပေးမဝင် တာ ပြီးခဲ့တဲ့ ၁၀ ရက်နေ့ ကတည်းက” - ဟု တန့်ယန်းမြို့ခံ ဝ အမျိုးသားတဦး ကပြောပါသည်။
အဆိုပါပိတ်ပင်ကန့်သတ်ချက် ၄ ချက်မှာ ရွေးကောက်ပွဲမတိုင်မီ ၁၁ ရက်အလို အောက်တိုဘာလ ၂၆ ရက်က တြိဂံတိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦးကိုယ်တိုင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယနေ့တိုင်ရုပ်သိမ်းခြင်း မရှိသေးကြောင်း မိုင်းလားထိပ်ပိုင်း ခေါင်းဆောင် နှင့် ရင်းနှီးသည့် တရုတ်နယ်စပ်နေ သျှမ်းအမျိုးသားတဦးက အတည်ပြုပြောဆိုပါသည်။
သို့သော် ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၂၃ က ထပ်မံပိတ်ပင်လိုက်သော မိုင်းလား- ကျိုင်းတုံ နမ့်လွေမြစ် နယ်ခြားတံတား တာ့ပင်း ဂိတ်ကုန်စီးဆင်းမှုကို ဒီဇင်ဘာလ ဒုတိယပါတ်က ပြန်လည်ဖွင့်ပေးခဲ့သည်။ ကုန်တင်ကားအသေးစားသာ သွားလာ ခွင့်ပြုကြောင်း၊ ၆ ဘီး ၁၀ ဘီးကုန်တင်ကားကြီးများ သွားလာခွင့် မပြုသေးကြောင်း၊ ထို့အတူ နိုဝင်ဘာ ၂၆ ရက် ကတည်းက တာချီလိတ်/ ကျိုင်းတုံမှ တဆင့် မိုင်းလားမြို့သို့ နိုင်ငံခြား ခရီးသွားဧည့်သည်များဝင်ရောက်လည်ပတ်မှုလည်း ယနေ့ တိုင်ပြန်လည်ဖွင့်လှစ် ပေးခြင်းမရှိသဖြင့် အရောင်းအ၀ယ်ထိုင်းမှိုင်းနေကြောင်း မိုင်းလား ဒေသခံများက ပြောပါသည်။
Source:mongloi
No comments:
Post a Comment