မူလစာမျက်နှာ

Friday 21 January 2011

ထိုင်းတောင်ပိုင်း လက်နက်ဂိုဒေါင် ၀င်ရောက် စီးနင်း

photo by: bangkok post
နာရာသီဝပ်ပြည်နယ်၊ လန်ဂဲခရိုင်က တောတောင်ထူထပ်တဲ့ တောင်တန်းတွေပေါ်မှာ လက်နက်အပြည့်အစုံတပ်ဆင်ထား တဲ့ စစ်သည်တွေနဲ့ဟယ်လီကော်ပတာတွေဟာ လက်နက်ဂိုဒေါင်ကို ၀င်ရောက်စီးနင်းတိုက်ခိုက်ပြီး လက်နက် အမြောက်အများယူသွားတဲ့ သောင်းကျန်းသူတွေကို တောနင်းရှာဖွေနေပါတယ်။
ဗုဒ္ဓဟူးနေ့ ညက မာရူဘိုတော့ရွာမှာ တပ်စွဲထားတဲ့ အထူးတပ်ဖွဲ့အမှတ် ၁၅၁၂၁ ကို စစ်သွေးကြွတွေ ၀င်ရောက်စီးနင်း တိုက်ခိုက်သွားလို့ စစ်သား ၄ ယောက် သေပြီး ၁၃ ယောက်ဒဏ်ရာ ရခဲ့ပါတယ်။ စစ်သည် ၃၀၀၊ ဒေသခံအာဏာပိုင် တွေ၊ အနံ့ခံခွေးတွေပါဝင်တဲ့ အဖွဲ့ကြီးက မနေ့က စစ်သွေးကြွတွေပုန်းအောင်းနေတယ်လို့ ယုံကြည်ရတဲ့ တာဝယ် တောင်တန်းပေါ်မှာ တောနင်းရှာဖွေနေပါတယ်။ ဒီရှာဖွေမှုစစ်ဆင်ရေးကို အမှတ် ၄ ဒေသ တပ်မှူး ဒုဒွမ်ချိုင်း ထမ္မာ ဆရိုရတ် ကိုယ်တိုင် ကြီးကြပ်လုပ်ဆောင်နေပါတယ်။ တာဝယ်တောင်တန်းပေါ်ကို အဓိကထား ရှာဖွေတာတွေ လုပ်နေ ပါတယ်လို့ မနေ့က ကြည်းတပ်ဦးစီးချုပ် ပရာယုချိန်အိုချားက ပြောပါတယ်။ “ထောက်လှမ်းရေးသတင်းတွေ အရဆို ဒီနေရာဟာ စစ်သွေးကြွတွေပုန်းခိုနေတယ်လို့ သံသယဖြစ်ဖွယ် ရှိတဲ့နေရာပါ” လို့ ဗိုလ်ချုပ်ကြီး ပရာယု က ပြောပါ တယ်။ “ဒါပေမဲ့ အခုထိတော့ လုံခြုံရေးတပ်ဖွဲ့တွေက နေရာအတိအကျ ရှာလို့မရသေးပါဘူး”
၂၀၀၄ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တုန်းကလည်း နာရာသီဝပ်ပြည်နယ်၊ ချိုအိုက်ရွန်းခရိုင်က စစ်စခန်းတခုကို ဒီလို အကောင်းဆုံး စနစ်တကျပြင်ဆင်တိုက်ခိုက်ပြီး လက်နက်အများအပြားယူသွားတာမျိုး ရှိခဲ့ဖူးပါတယ်။ ဗုဒ္ဓဟူးနေ့က တိုက်ခိုက်မှုမှာ M16 မောင်းပြန်ရိုင်ဖယ်တွေအပါအ၀င် လက်နက်အတို ၆၀လောက်နဲ့ ကျည် ၄၀၀၀ လောက်ပါသွားပါ တယ်။ အသတ်ခံရတဲ့စစ်သား ၄ ယောက်ထဲမှာ တပ်ဖွဲ့မှူး ဗိုလ်ကြီး ကရစ်ခမ်ပီရာယန် ပါဝင်ပြီး ဒဏ်ရာရတဲ့ ၁၃ ယောက်ထဲမှာ ၂ ယောက်က အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေပါ။
အခင်းဖြစ်ပွားတဲ့နေရာက ကျည်ခွံ ၇၀၀ ကျော် ကောက်ယူစုဆောင်းရပါတယ်။ အသုံးပြုတဲ့လက်နက်တွေကတော့ M16၊ M60၊  AK မောင်းပြန်ရိုင်ဖယ်၊ သေနတ်အတိုနဲ့ ခြောက်လုံးပြူးတွေ ပါ,ပါတယ်။ တိုက်ခိုက်မှုက ချိန်ကိုက် ပြင် ဆင်ထားတာပဲ။ အဲဒီအချိန်က ကင်းစခန်းက စစ်သားတွေအပြည့်မရှိဘူး။ ထမင်းစားနေတဲ့အချိန်၊ ဖြစ်တယ်လို့ ပြည် တွင်းလုံခြုံမှုစစ်ဆင်ရေးဦးစီးဌာနချုပ်၊ အမှတ် ၄ ဒေသ၊ ဗိုလ်မှူးကြီး ပါရီညာချိုင်ဒီလော့က ပြောပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို သူတို့မွေးရပ်မြေကို ဒီကနေ့ ပြန်ပို့မှာ ဖြစ်ပါတယ်။
Source:naytthit

No comments:

နေ့မှာ