Friday 21 January 2011
ဝီရလွှတ်ပေးဖို့ ရှေ့နေတွေ အယူခံတင်
ကမ္ဗောဒီးယားနယ်ထဲကို တရားမ၀င် ၀င်ရောက်မှုနဲ့အဖမ်းခံရတဲ့ ထိုင်း ၇ ယောက်ထဲက တယောက်ဖြစ်တဲ့ ထိုင်းအမျိုး သားရေးဝါဒီ၊ တက်ကြွလှုပ်ရှားသူ ၀ီရဆုမ်ခွမ်ကစ်ကို အာမခံပေးဖို့ ကမ္ဗောဒီးယားရှေ့နေတွေက ကမ္ဗောဒီးယား တရား ရုံးကို မနေ့က အယူခံထပ်တင်ပါတယ်။
အစောပိုင်းက အောက်ရုံးက ၀ီရ ရဲ့အာမခံတောင်းတာကို ပယ်ချခဲ့ပါတယ်။ တောင်းဆိုမှုအသစ်ကို စဉ်းစားဖို့ တရားရုံး က ၅ ရက် အချိန်ယူပါမယ်လို့ နိုင်ငံခြားရေးဝန်ကြီးရဲ့အတွင်းရေးမှူး ချာဝမ်နွန့်က ပြောပါတယ်။ ၆ ယောက်ကို အာမ ခံနဲ့ လွှတ်ပေးလိုက်ပေမဲ့၊ ဖေဖ်ါဝါရီလ ၁ ရက်နေ့မှာ အမှုစစ်ဆေးဖို့ ကမ္ဗောဒီးယားမှာပဲ ဆက်နေရမှာ ဖြစ်ပါတယ်။
ထိုင်းအစိုးရဟာ မျိုးချစ်ကွန်ယက်အဖွဲ့ဖြစ်တဲ့ ၀ီရအုပ်စုရဲ့ ဖိအားပေးမှုကို ခံနေရပါတယ်။ ဒီအဖွဲ့ဟာ အဖမ်းခံထားရတဲ့ ထိုင်း ၇ ယောက် လွတ်ဖို့ မကူညီနိုင်ဘူးဆိုရင် အဖိဆစ်နဲ့ကဆစ်အပါအ၀င် အထက်တန်းအရာရှိကြီးတွေ ဆင်ပေးဖို့ အစိုးရအိမ်တော်ရှေ့မှာ တောင်းဆို ဆန္ဒပြနေကြပါတယ်။
Source:naytthit
Subscribe to:
Post Comments (Atom)
No comments:
Post a Comment