မူလစာမျက်နှာ

Monday 30 April 2012

"ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ပြောတဲ့ မြန်မာဇာတ်ကားတွေ အဆင့်မြင့်စေဖို့"

Source:FB
ရုပ်ရှင်လောက တိုးတက်ကောင်းမွန်ဖို့ အတွက် အနုပညာရှင်တွေ စုပေါင်း မဲရွေး ချယ်ပြီး ရုပ်ရှင် အစည်းအရုံး အမှုဆောင် အသစ်ရွေးချယ်ခဲ့ပါတယ်။ ရွေးချယ်ခံရတဲ့ အမှုဆောင် အသစ်တွေကလည်း ရုပ်ရှင် လောကသားတွေ အတွက် ကိုယ်စားပြုနိုင်မယ့် သူတွေ ရွေးချယ်ထားတဲ့အတွက် သူတို့ တတ်နိုင်သလောက် လုပ်ဆောင်ပေး ကြမှာကို ယုံကြည် ကြောင်း ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ပြောပါတယ်။ အမှုဆောင်တွေထဲမှာ မပါပေမယ့် ရုပ်ရှင်လော ကကောင်းဖို့ ဘေးကနေ အကြံဥာဏ်ပေး သွားမှာပါလို့ဆိုတဲ့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) က..”ကျွန်တော်တို့တွေက သူတို့ကိုဘေးကနေ အကြံဥာဏ်ပေးလို့ ရတာပေါ့။ အရင်တုန်း ကဆိုရင်တော့ သူတို့ ဘာသာသူတို့ ဖွဲ့စည်းထားတဲ့ လူတွေဖြစ်တဲ့အတွက် အကြံဥာဏ် ပေးလို့မရဘူး။ အခုတော့ အကြံဥာဏ်ဝင်ပေး လို့ရမယ့်သဘောမှာ ရှိပါတယ်”လို့ ပြောပါ တယ်။ အခုလို ရုပ်ရှင်လောကမှာ အပြောင်း အလဲတွေ ဖြစ်နေပေမယ့်လည်း ကျန်တဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သရုပ်ဆောင်ပိုင်း၊ ထုတ်လုပ်သူပိုင်း စတာတွေမှာ လည်း တဖြည်းဖြည်း ချင်းညှိပြီး ရုပ်ရှင်လောက အဆင့်မီအောင် လုပ်ဆောင် ဖို့ လိုအပ်ကြောင်းပြောပါတယ်။ “အခုက အရည်အသွေး မမီဘူးလားဆိုတော့ ဗီယက်နမ်တို့၊ လာအိုတို့၊ ကမ္ဘောဒီးယားတို့၊ ထိုင်းနိုင်ငံရဲ့တချို့ဇာတ်ကား လောက်ဆိုရင် ဦးဇော်တို့ အားလုံးမီအောင် ရိုက်နိုင်ပါတယ်။ ဇာတ်လမ်းတို့၊ သရုပ်ဆောင်တို့ဘက်ကလည်း မီနိုင်တယ်။ ဒါပေမဲ့ ဘောလီးဝုဒ်တို့၊ ဟော လီးဝုဒ်တို့က လူတွေလောက်တော့ အကုန်အကျ မခံနိုင်သေးဘူး။ ဒါကလည်း နိုင်ငံတကာကို မသွားနိုင်သေးတဲ့ အတွက်ကြောင့်ပါ။ တဖြည်းဖြည်းချဲ့ထွင်ပြီး လုပ် လို့ရပြီဆိုရင်တော့၊ ဦးတို့ အကုန်အကျ ပိုခံနိုင်လာမယ် ဆိုရင်တော့ ဒီထက်ပိုပြီး အဆင်မြင့် လာမယ် ထင်ပါတယ်”လို့ မြန်မာဇာတ်ကားတွေ အဆင့်မြင့်လာဖို့ အတွက် ပြောခဲ့ပါတယ်။ မြန်မာဇာတ်ကားတွေ အနေနဲ့ နိုင်ငံတကာ ဇာတ်ကားတွေကို အဆင့်မီလာဖို့ အတွက် ငွေကြေးစိုက်ထုတ်ပြီး ရိုက်မယ့်အနု ပညာကို စိတ်ဝင်စားတဲ့ ထုတ်လုပ်သူဖြစ်ဖို့ လိုအပ်ပြီး၊ သရုပ်ဆောင်တွေ အကုန်လုံးက လည်း အားတက်သရော ရိုက်ချင်တဲ့သရုပ် ဆောင်တွေဖြစ်မယ်ဆိုရင်တော့ ဒီထက်မက ပိုအောင်မြင်မယ့် ဇာတ်ကားတွေ ပေါ်ထွက် လာမှာဖြစ်ကြောင်း ဒါရိုက်တာကိုဇော် (အရုဏ်ဦး)က ပြောပါတယ်။

No comments:

နေ့မှာ