မူလစာမျက်နှာ

Monday 30 April 2012

"ခင်ပွန်းဖြစ်သူရဲ့မွေးနေ့ အစီအစဉ်ကြောင့် အံ့သြဝမ်းသာ ဖြစ်ခဲ့ရတယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်"

Source:FB
ဧပြီလ ၂၄ရက်နေ့ မွေးနေ့ရှင်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်က မွေးနေ့ကို ခင်ပွန်းဖြစ် သူ ပြေတီဦးနဲ့အတူ အနုပညာ မောင်နှမတွေနဲ့ ပြင်ဦးလွင်မှာ ဖြတ်သန်းခဲ့ ပါတယ်။ ဧပြီ ၂၃ ရက်နေ့ ည၁၂နာရီမှာ ပြေတီဦးနဲ့အတူ အနုပညာ မောင်နှမတွေက Surprise အနေနဲ့ မွေးနေ့ အမှတ်တရ လုပ်ပေးခဲ့တယ် ဆိုတာကြောင့် ဒီနှစ်မွေးနေ့ရဲ့ ပျော်ရွှင် စရာဖြတ်သန်းမှုတွေအကြောင်းကို အိန္ဒြာကျော်ဇင်က..”၂၃ရက်နေ့ညက ကိုပြေတီဦးတို့ နိုက်ဆင်းန် ရိုက်ကြ တယ်။ အစ်မဒီမှာ ည၉နာရီ လောက်ဆိုအိပ်ပြီ။ ကလေးက လည်း ၈နာရီခွဲ လောက် ဆို အိပ်တယ်။ ကလေးက အိပ်သွား ပြီဆိုတော့ အစ်မက တခြား ဘာအလုပ်မှ မရှိတော့။ ကိုပြေတီဦးလာတဲ့ ၁၂နာရီမှာ အစ်မ တအားအိပ်မော ကျနေတာ။ အဲဒီမှာ တံခါးကို ဝုန်းဝုန်းနဲ့ လာခေါက်တာ။ ဘာဖြစ်တာလဲဆိုပြီး သွားဖွင့်ကြည့်တော့ ကိုပြေတီဦးနဲ့ သူ့ ရှုတင်က အဖွဲ့တွေHappy Birthday ဆိုပြီး Birthday Cake ကြီးလည်း ပါတယ်။ အစ်မလည်း မထင်ထားတော့ တအားပျော်သွားရတယ်။ ၂၄ရက်နေ့မှာ ဇာတ်ကားရိုက်ရင်း ဖြတ်သန်းတာ ပါပဲ။ ညနေဘက်ရှုတင်ပြီးမှ မိသားစု လိုက် ဘုရား ကိုခဏသွားဖြစ်တယ်” လို့ပြောပါတယ်။ ပြေတီဦးက အိန္ဒြာကျော်ဇင် အတွက် မွေးနေ့လက်ဆောင်ကို ပြည်ပအထိ သွားဝယ် ပေးမယ်လို့ ကြားထား တဲ့ အတွက် ဘာလက်ဆာင် တောင်းထားသလဲလို့မေးကြည့်တော့” ကိုပြေတီဦးကတော့ ပြောတာပဲ။ ဟုတ်မဟုတ်တော့ မသိဘူး။ သူသွားဝယ် မယ်လို့ပြောတော့ ပြောတယ်။ အာလူးလား မသိဘူး” လို့ ရယ်မောပျော် ရွှင်စွာပြောလာပါတယ်။

No comments:

နေ့မှာ