မူလစာမျက်နှာ

Monday 30 April 2012

"ကိုရီးယားအဆိုတော်တချို့ရဲ့ လတ်တလောလှုပ်ရှားမှုများ"

Source:FB
လက်ရှိနာမည်ကြီး လူကြိုက်များနေတဲ့ တောင်ကိုရီးယား အဆိုတော်များ ထဲက အဆိုတော် တချို့ရဲ့ အနုပညာ လှုပ်ရှားမှုတွေကို စုစည်း ဖော်ပြပေး ရမယ် ဆိုရင် ယောက်ျားလေး အဆိုတော် ချောလေးများနဲ့ ဖွဲ့စည်းထားတဲ့ 2PM အဖွဲ့ဟာ တောင်ကိုရီးယားဂီတ လောကမှာ တေးဂီတတွေကို အဓိက တင်ဆက်ပေးနေတဲ့ ရုပ်သံ လိုင်းဖြစ်တဲ့ Mnet မှာ နံပါတ်တစ်နေရာကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် လီဟိုရီရဲ့ နေရာကို ကိုင်လှုပ် မတတ်အောင်မြင် ခဲ့တယ်လို့ သိရပါတယ်။ 2PM ဟာ သူတို့အဖွဲ့ ရဲ့ နောက်ဆုံးရောင်းချခဲ့တဲ့ Without U ဆိုတဲ့အခွေနဲ့ အဲဒီရုပ်သံလိုင်းရဲ့ Chart မှာ လီဟိုရီရဲ့ အောင်မြင် မှုနေရာကို အမီလိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ အာရှတင်မက ဥရောပထိ အောင်မြင်မှု ကိုဖြန့်ကြက်နိုင်ခဲ့သူ အဆိုတော်မလေး BoA ကတော့ ဧပြီလ ၂၂ ရက်နေ့က ငိုခဲ့ရပါတယ်တဲ့။ အကြောင်းရင်းကတော့ ကိုရီးယား ပေါ့ပ်စတား ရွေးချယ်ပွဲရဲ့ ထိပ်တန်း အဆင့်ရောက် ၃ ဦးထဲက ပက်ဂျိမင် ဆိုသူရဲ့ ခံစားချက်အပြည့်နဲ့သီဆိုယှဉ်ပြိုင်မှု ကို အကဲဖြတ် အမှတ်ပေး ရစဉ်မှာ ပြိုင်ပွဲဝင်သူရဲ့ သရုပ်ဆောင် ပီပြင်မှုနဲ့ အဆိုတော်မှု၊ သူ့ခံစားချက်နဲ့ တိုက်ဆိုင်မှုတွေကြောင့် မျက်ရည်ကျရင်း အကဲဖြတ်ပေးခဲ့တာ ဖြစ်ပါတယ်။

No comments:

နေ့မှာ