Thursday, March 15, 2012 at 4:21pm ·
Source:FB
အမေရိကန်ပြည်ထောင်စုအနေနှင့် ကချင်စစ်ဘေးသင့် ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၁.၅ သန်း ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသောအမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ်က ယနေ့ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
“ အစိုးရက ကတိပေးထားတဲ့အတိုင်းအမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တခြား တိုင်းရင်းသားအဖွဲ့တွေနဲ့ အပစ်အခတ်ရပ်ရေးဆွေးတာတွေ တိုးတက်မှု့တွေတွေ့နေရပေမယ့် ကချင်ပြည်နယ်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေဆဲပါ။ ကျွန်တော်တို့အနေနဲ့ လတ်တလောပူပန်မိတာ ကချင်စစ်ပြေးဒုက္ခသည်တွေ( Internal Displace Person – IDP ) အတွက်ပါ ။ မကြာမီ မိုးတွင်းရောက်တော့မှာမို့ သူတို့အတွက် ပိုခက်ခဲလာနိုင်ပါတယ်” ဟု မစ္စတာ ဒဲရစ်မစ်ချယ်က သတင်းထောက်များကိုပြောကြားခဲ့သည်။
လုံခြုံရေးအရ ကန့်သတ်မှု့များရှိသော်လည်း ကချင်စစ်ဘေးဒုက္ခသည်တွေထံ တတ်နိုင်သမျှ တိုက်ရိုက်အကူအညီများပေးသွားနိုင်ရန်လည်း နေပြည်တော် တွင် အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံစဉ် ညှိနှိုင်းမှု့များပြုလုပ်ခဲ့ကြောင်း ယင်းကပြောကြားသည်။
အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် ကေအိုင်အိုတို့ တရုတ်နိုင်ငံတွင် မတ် ၈ရက်နေ့မှ ၃ ရက်ကြာတွေ့ဆုံအပြီး တွင် ဆွေးနွေးမှု့များမှာ မျှော်မှန်းသလောက်အောင်မြင်ခြင်းမရှိဘဲ ကချင်ပြည်နယ်တွင် တိုက်ပွဲများထပ်မံဖြစ်ပွားလျှက်ရှိကြောင်း ကချင်ပြည်နယ်မှ ဒေသခံများက ဖုန်းဖြင့်ဆက်သွယ်ပြောကြားသည်။

No comments:
Post a Comment