မူလစာမျက်နှာ

Thursday 15 March 2012

"မလေးရှားသို့ မြန်မာအလုပ်သမများ ဧပြီတွင် စေလွှတ် တော့မည်"

Source:FB
မလေးရှားနိုင်ငံသို့ ပထမဦးဆုံး အကြိမ်အမျိုးသမီး အလုပ်သမားများ တရား ဝင်စေလွှတ် တော့မည်ဟု ကျောက်တံတား မြို့နယ်ရှိ သုခစုစံ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ ဒါရိုက်တာတစ်ဦးက ပြောသည်။
အမျိုးသမီး အလုပ်သမားများကို မလေးရှားနိုင်ငံရှိ ဆမ်ဆောင်းကုမ္ပဏီနှင့် အခြားဖုန်းထုတ်လုပ် သည့် ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန် ဧပြီလ တတိယပတ်တွင် စေလွှတ်မည် ဖြစ်ကြောင်း ၄င်း ဆိုသည်။
''အမျိုးသမီး အလုပ်သမားတွေ လွှတ်ဖို့အတွက် အစ်မတို့ရဲ့ လူကြီးကစက်ရုံရဲ့ အနေအထားတွေကို ကိုယ်တိုင်သွားကြည့်ပြီး သေချာပြီဆိုမှ အလုပ်သမားဝန်ကြီး ဌာနကို စာတင်ပြီး လွှတ်ဖို့ခေါ်တာ ပါ''ဟု ၄င်းက ရှင်းပြသည်။
အလုပ်သမား စေလွှတ်ရာတွင် တစ်ဖက်နိုင်ငံ၏ အလုပ်ခန့်ထားခြင်း နှင့် ပတ်သတ်သည့် ကန်ထရိုက်စာ ချုပ်အတိုင်း အလုပ်ရှင်နှင့် အလုပ်သမား ခံစားခွင့်များ၊ အလုပ် ချိန် သတ်မှတ်ချက်စသည့် အချက်များ တိကျသေချာမှသာ စေလွှတ်ခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ သို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ရွေးချယ်ထားသော အလုပ်သမ ၁၆ဝ ကျော်ရှိကြောင်း၊ ၄င်းတို့၏ လစာမှာ ရင်းဂစ် ၉ဝဝ ဝန်းကျင် ဖြစ်ကြောင်း သုခစုစံမှ သိရသည်။
မလေးရှားသွားမည့် မြန်မာ အလုပ်သမများအား အခမဲ့ ဆေးစစ်ပေးခြင်း၊ အခမဲ့ပတ်စပို့ လုပ်ပေးခြင်း နှင့် ခရီးစရိတ်၊ ထမင်းစရိတ်များကိုပါ ပံ့ပိုးပေးမည်ဖြစ်ပြီး ဝန်ဆောင် ခ အနေဖြင့် တစ်လလျှင် ရင်းဂစ် ၁၅ဝ ကို ၆ လ ဖြတ်ယူမည်ဟု ၄င်းက ဆက်လက်ပြောသည်။ေ

No comments:

နေ့မှာ