မူလစာမျက်နှာ

Wednesday 14 March 2012

နှစ် ၅ဝ ကြာ ရပ်ဆိုင်းထားသော ၈ တန်းပညာသင်ဆု အရည်အချင်းစစ်၍ ပြန်ပေးတော့မည်

Soruce:FB
ရေးဖြေ၊ နှုတ်ဖြေများအပါအဝင် ကိုယ်လက်ကြံ့ခိုင်မှု စစ်ဆေးခြင်းများဖြင့် (အလယ်တန်း) ၈ တန်းပညာသင်ဆုကို မတ်လ ၃ဝ ရက်နေ့၌ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်း ပြုလုပ်ကျင်းပ ပေးသွားမည်ဟု နေပြည်တော်ရှိ ပညာရေးဝန်ကြီး ဌာနမှ သိရသည်။ ၁၉၆၂ မှ စ၍ ရပ်ဆိုင်းခဲ့သည့် အခြေခံပညာအဆင့် စကောလားရှစ်ဆုများကို ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီး ဌာနမှ ပြန်လည်ပေးအပ်မည် ဖြစ် ရာ ၄င်းနေ့မှာပင် (မူလတန်း)၄ တန်း ပညာသင်ဆု စာမေးပွဲကိုပါ စစ်ဆေး သွားမည် ဟု အထက်ပါဝန်ကြီးဌာန မှ သိရသည်။ ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးကြူက
” ၈ တန်း ပညာသင်ဆုကို အထက်ကပြော သလိုပဲ ရေးဖြေ၊ ပြီးတော့ နှုတ် ဖြေနဲ့ ကိုယ်လက်ကြံ့ခိုင်မှုကို စစ် မယ်။ အဲဒီရက်မှာပဲ ၄ တန်း ပညာ သင်ဆုကိုလည်း စစ်မယ်။ ၄ တန်း ကိုတော့ ရေးဖြေတစ်ခုတည်းပဲ သွားမယ်။ ၈ တန်းက နှစ်ရက် လောက် စစ်ရမယ်။ သူက ရေးဖြေ နဲ့ တခြား စစ်စရာတွေ ရှိတဲ့အတွက် ကြောင့်ပဲ” ဟု ပြောသည်။ ၄ တန်းနှင့် ၈ တန်း ပညာသင် ဆု စစ်ဆေးမည့် မေးခွန်းကို ဗဟို မှ ကြီးကြပ်မှုဖြင့် ဘုတ်အဖွဲ့ဖွဲ့ကာ ထုတ်ထားပြီး တက္ကသိုလ်ဝင်တန်း ပုံစံမျိုးဖြင့် ကြပ်မတ်သွားမည်ဟု ဒု တိယဝန်ကြီးက ထပ်မံဆိုသည်။ ”ဘာမေးခွန်းမှလည်း မပေါက် စေရဘူး။ တကယ့်ကို သမာသမတ် ကျမယ့် စာမေးပွဲတစ်ခုပဲ။ တစ်မြို့ နယ်ကို ၄ တန်းနဲ့ ၈ တန်း တစ် ယောက်စီ ပေးမယ်” ဟု ဒုတိယ ဝန်ကြီးက ထပ်လောင်းပြောသည်။
၎ တန်း ပညာသင်ဆု ရရှိသူ အနေဖြင့်အခြေခံပညာအလယ်တန်း အဆင့်များတွင် ချီးမြှင့်ငွေ တစ်လလျှင် ကျပ် ၁ဝဝဝဝဖြင့် နှစ်တစ်နှစ် တွင် ၁ဝ လတာရရှိသွားမည် ဖြစ်ပြီး ၈တန်း စကောလားရှစ် ရရှိသူ ဆိုပါကတစ်လလျှင်ကျပ် ၁၅ဝဝဝ ဖြင့် တစ်နှစ်တွင် ၁ဝ လတာကို သတ်မှတ်ထားသည့် အတန်းများ အလိုက်ရရှိသွားမည်ဟု တရားဝင် ထုတ်ပြန်မှုအရ သိရသည်။

No comments:

နေ့မှာ